ကိုရိုနာဗိုင်းရပ်ကြောင့် ဝယ်လိုအားနည်းပြီး တရုတ်တွင် စက်ရုံလုပ်ငန်းလည်ပတ်မှု ကျဆင်း

ကိုရိုနာဗိုင်းရပ်ကြောင့် ဝယ်လိုအားနည်းပြီး တရုတ်တွင် စက်ရုံလုပ်ငန်းလည်ပတ်မှု ကျဆင်း

တရုတ်နိုင်ငံ၏ စက်ရုံလည်ပတ်မှုများသည် ၀ယ်လိုအား နည်းပါးခြင်း၊ အလုပ်ခန့်အပ်မှုနည်းပါးခြင်းနှင့် ထုတ်လုပ်သူများချိန်ဆနေရသော ဈေးနှုန်းများ မြင့်မားခြင်းတို့ကြောင့် နိုဝင်ဘာလတွင် ပြန်လည်ကျဆင်းသွားကြောင်း စီးပွားရေးစစ်တမ်းတစ်ခုက ဒီဇင်ဘာ ၁ ရက်တွင် ဖော်ပြထားသည်။

ထုတ်လုပ်မှုစွမ်းဆောင်ရည်ကို တိုင်းတာသော Caixin/Markit အညွှန်းကိန်း (PMI) သည် ယခင်လက ၅၀ ဒသမ ၆ ရှိရာမှ လေ့လာဆန်းစစ်သူများမှန်းထားသော အညွှန်းကိန်း ၅၀ ဒသမ ၅ နှင့် ဆန့်ကျင်စွာ နို၀င်ဘာလတွင် ၄၉ ဒသမ ၉ သို့ကျဆင်းသွားကြောင်း ရိုက်တာစစ်တမ်းတွင် ဖော်ပြထားသည်။

ယမန်နှစ်က ကူးစက်ရောဂါနွံမှ အံ့ဩရလောက်အောင် ပြန်လည်နာလန်ထူနိုင်ခဲ့သည့် ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံး တရုတ်သည် ထုတ်လုပ်မှုကဏ္ဍ နှေးကွေးခြင်း၊ အိမ်ခြံမြေဈေးကွက်ကြွေးမြီပြဿနာများနှင့် COVID-19 ဖြစ်ပွားမှုများကြောင့် ဒုတိယနှစ်ဝက်ကတည်းက အရှိန်အဟုန် ဆုံးရှုံးခဲ့သည်။

အလုပ်အကိုင် ခန့်အပ်မှုသည်လည်း ကျဆင်းလာခဲ့သည်။

အချို့ကုန်ကြမ်းများ၏ ဈေးနှုန်းများမှာ မြင့်မားနေခဲ့သလို လုပ်ငန်းများမှာလည်း မြင့်မားသောကုန်ကျစရိတ်ဖိအားများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။

စံချိန်တင်ကုန်ကြမ်းစျေးနှုန်းများ မြင့်မားစွာပေးဆောင်ရခြင်းကို တားဆီးရန် အစိုးရ၏ကြိုးပမ်းအားထုတ်မှုကြောင့် လွန်ခဲ့သည့်လအနည်းငယ်အတွင်း အတောမသတ်နိုင်သော ဈေးနှုန်းမြင့်မားမှုအပြီး နောက်ဆုံးတွင် ကုန်ကျစရိတ်ဖိအားများ လျော့ပါးလာသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly