ရန်ကုန်-လပွတ္တာ ခရီးသည်တင်ကား လမ်းဘေးသစ်ပင်ဝင်တိုက်မိပြီး ၂ ဦးသေဆုံး

ရန်ကုန်-လပွတ္တာ ခရီးသည်တင်ကား လမ်းဘေးသစ်ပင်ဝင်တိုက်မိပြီး ၂ ဦးသေဆုံး

ဒီဇင်ဘာ ၈

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ် ၊ မြို့သစ် မြသန်းတန်ဘုရားအနီးတွင် ရန်ကုန်-လပွတ္တာပြေးဆွဲနေသည့် ခရီးသည်တင်ကားတစ်စီး လမ်းဘေးသစ်ပင်ဝင်တိုက်မိပြီး ယာဉ်ပေါ်လိုက်ပါလာသူ နှစ်ဦးသေဆုံးကာ ၁၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံထံမှ သိရသည်။

ဒီဇင်ဘာလ ၈ ရက် ညနေ ၄ နာရီခန့်တွင် ရန်ကုန်မြို့မှ လပွတ္တာမြို့သို့ မောင်းနှင်လာသော ချမ်းမြေ့အေးခရီးသည်တင် မော်တော်ယာဉ်မှာ လပွတ္တာ-မြောင်းမြ-အိမ်မဲလမ်း သုံးမိုင်အနီးတွင်  ယာဉ်မတော်တဆမှုဖြစ်ကာ  ယာဉ်နောက်လိုက်တစ်ဦးနှင့် ခရီးသည်အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“လမ်းချော်သွားတယ်လို့ ပြောပါတယ်။ ယာဉ်မောင်းလည်း ဒဏ်ရာပြင်းတယ်။ စပယ်ယာကတော့ ဆုံးသွားပြီ။ ကားပေါ်မှာလိုက်လာတဲ့ ကျောင်းဆရာတစ်ဦးလည်း ဆုံးသွားတယ် ။ စုစုပေါင်း ၁၆ယောက် ဒဏ်ရာရတယ်။ ၁၁ဦးက မစိုးရိမ်ရဘူး။ ကားပေါ်မှာ လိုက်လာတာက စုစုပေါင်း ၃၅ဦး”ဟု လပွတ္တာမြို့ခံ ပရဟိတအဖွဲ့ဝင်တစ်ဦးကပြောသည်။

ယာဉ်တိမ်းမှောက်မှုကို လပွတ္တာမြို့နယ် မီးသတ်တပ်ဖွဲ့နှင့် ဒေသခံပရဟိအဖွဲ့များမှ သွားရောက်ကူညီပေးခဲ့ကြကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required