စစ်ကိုင်းတိုင်းအတွင်း ဖြတ်သန်းမည့် ကုမ္ပဏီပိုင် အကြီးစားလုပ်ငန်းများ NUG အခွန်ပြေစာ ပြရမည်ဟု PDF ဆို

စစ်ကိုင်းတိုင်းအတွင်း ဖြတ်သန်းမည့် ကုမ္ပဏီပိုင် အကြီးစားလုပ်ငန်းများ NUG အခွန်ပြေစာ ပြရမည်ဟု PDF ဆို

ဒီဇင်ဘာ ၈

စစ်ကိုင်းတိုင်းအတွင်း ဖြတ်သန်းသွားလာမည့် ကုမ္ပဏီပိုင် အကြီးစား လုပ်ငန်းများအနေဖြင့် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ကို အွန်လိုင်းမှတစ်ဆင့် အခွန်ဆောင်ထားသည့် ပြေစာပါရှိမှာသာ ဖြတ်သန်းသွားလာခွင့်ပြုမည်ဟု စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ် SPDF က ယနေ့ ထုတ်ပြန် ကြေငြာလိုက်သည်။

“ဖြတ်သန်းသွားလာမည့် ကုမ္ပဏီပိုင် အကြီးစား လုပ်ငန်းကြီးများ၊ လုပ်ငန်းများအနေဖြင့် အမျိုးသား ညီညွတ်ရေး အစိုးရသို့ ဝင်ငွေခွန်ဆောင်ပြီးကြောင်း digital slip ဖြတ်ပိုင်းများကို စစ်ဆေးရေး ဆောင်ရွက်သည့် တာဝန်ရှိ တပ်ဖွဲ့များသို့ ပြသရမည်” ဟု SPDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းကဲ့သို့ အခွန်ဆောင်ထားသည့်ပြေစာ ပြသနိုင်ခြင်းမရှိပါကာ အရေးယူ ဆောင်ရွက်မည်ဟု ဒီဇင်ဘာလ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် ကြေငြာချက်က ဆိုသည်။ 

လာမည့် ဒီဇင်လာ ၁၅ ရက်နေ့မှာစတင်ပြီး ပြေစာပြသနိုင်ခြင်း မရှိသည့် လုပ်ငန်းများကို  စစ်ကိုင်းတိုင်း အတွင်းရှိ သက်ဆိုင်ရာ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အဖြစ် တာဝန်ယူကာ အရေးယူမည်ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။ 

ထို့အပြင် စစ်ကိုင်းတိုင်းအတွင်းရှိ ကားလမ်းမများတွင် ပြည်သူ့များထံမှ ငွေတောင်းခံနေသည့် အယောင်ဆောင် ပြည်သူ့ကာကွယ်ရေးတပ်များကိုလည်း ဖော်ထုတ် အရေးယူမည်ဟု ဆိုထားသည်။ 

SPDF အနေဖြင့် စစ်ကောင်စီ၏ စီးပွားရေးလုပ်ငန်းများ ၊ ဦးပိုင်လုပ်ငန်းများနှင့် ဆက်စပ်သည့် အရက် ဘီယာများကိုလည်း နိုဝင်ဘာလ ၃၀ ရက်နေ့မှစ၍ ရောင်းဝယ် သယ်သူခြင်း မပြုဖို့လည်း တားမြစ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required