မန္တလေး အ.လ.က (၁၈) ခွဲကျောင်းအနီး တပ်စွဲထားသည့် စစ်ကားဗုံးခွဲခံရ၊ စစ်သား ၂ ဦးသေဆုံး ဟုဆို

မန္တလေး အ.လ.က (၁၈) ခွဲကျောင်းအနီး တပ်စွဲထားသည့် စစ်ကားဗုံးခွဲခံရ၊ စစ်သား ၂ ဦးသေဆုံး ဟုဆို

ဒီဇင်ဘာ ၈

မန္တလေးမြို့တွင် ယနေ့နံနက်ပိုင်းက အ.လ.က (၁၈) ခွဲ စာသင်ကျောင်းအနီး တပ်စွဲထားသည့် စစ်စခန်းရှိရာသို့ လာရောက်သော စစ်ကားတစ်စီး ဗုံးခွဲတိုက်ခိုက်ခံရသဖြင့် စစ်သားနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“မနက် ၈ နာရီကျော်လောက်က အဲဒီကျောင်းရဲ့ဘေးမှာ ဗုံးပေါက်တာဗျ၊ အစောင့်စစ်သားတွေကို အစားလာပေးတဲ့ စစ်ကားကိုဗုံးနဲ့ ပစ်တာလို့လည်းပြောတယ်၊ နောက်ပြီးတော့ အစောင့်စစ်သားတွေ ဂျူတီလာချိန်းတဲ့အချိန် စောင့်ပစ်သွားတာလို့လည်း ပြောတယ်၊ စစ်သားနှစ်ယောက် သေတယ်၊ နောက်တစ်ယောက်လည်း
ဒဏ်ရာခပ်ပြင်းပြင်းရတယ်၊ ဆေးရုံကား (လူမှုကူညီရေး အသင်းကား) နဲ့ တင်သွားတာ တွေ့လိုက်ရတယ်” ဟု ချမ်းမြသာစည်မြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုနှင့် ပတ်သက်၍ မန္တလေး အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှစ်ဖွဲ့ ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်ကြောင်း စစ်ကောင်စီဘက်မှ နှစ်ဦးသေဆုံးပြီး၊ နှစ်ဦးခန့် ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း အခင်းဖြစ်စဉ်တွင် ပြည်သူတစ်ဦးလည်း အနည်းငယ် ထိခိုက်ခဲ့ပြီး မစိုးရိမ်ရကြောင်း ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့ (မန္တလေး) က သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required