တိဗက်နှင့်ရှင်ကျန်းဒေသတို့တွင် တရုတ်အစိုးရက ဖိနှိပ်မှုများပြလုပ်သည့် အထောက်အထားအသစ် ထွက်ပေါ်လာ

By Zee5
08 December 2021
တိဗက်နှင့်ရှင်ကျန်းဒေသတို့တွင် တရုတ်အစိုးရက ဖိနှိပ်မှုများပြလုပ်သည့် အထောက်အထားအသစ် ထွက်ပေါ်လာ

တိဘက်ရှိ နယ်မြေများနှင့် ရှင်ကျန်းရှိ ဝီဂါမွတ်စလင် အရပ်ဒေသတွင် ဖိနှိပ်ချုပ်ချယ်မှုများ ကြုံတွေ့နေရပြီး ယင်းဒေသများရှိ ပြည်သူများအကြားတွင် မငြိမ်မသက်မှုများ ရှိနေကြောင်း ၎င်းဒေသမှ ထွက်ပေါ်လာသော ဗီဒီယိုသက်သေအထောက်အထားအသစ်အရ သိရသည်။

ရှင်ကျန်းပြည်နယ် ဝီဂါမွတ်စလင် အရပ်ဒေသများ၌ ပြန်လည်ပညာပေးရေးစခန်းများ ပြန်လည် ပေါ်ထွက်လာချိန်တွင် ဂွမ်ဂွမ်အမည်ရှိ အမျိုးသားတစ်ဦး ရိုက်ကူးထားသည့် မိနစ် ၂၀ ကြာမြင့်သော ဗီဒီယိုဖိုင်၌ ရှင်ကျန်းပြည်နယ်တစ်ဝှမ်းရှိ ထိန်းသိမ်းရေးစခန်းအများအပြားကို တွေ့ရကြောင်း မူဝါဒသုတေသနအဖွဲ့မှ အစီရင်ခံတင်ပြခဲ့သည်။

ယူရှူးစီရင်စုရှိ ဒွမ်ဒါကျေးရွာတွင် ဒေသခံများနှင့် ဟန်တရုတ်များအကြား ပဋိပက္ခများဖြစ်ပွားနေကာ တိဗက်အရှေ့မြောက်ပိုင်းဒေသတွင် မငြိမ်သက်မှုတချို့ ဖြစ်ပေါ်နေကြောင်း မူဝါဒသုတေသနအဖွဲ့ အစီရင်ခံစာ၌ ဖော်ပြထားသည်။

“အာဏာပိုင်တွေက ဒေသခံတိဗက်တွေကို လျော်ကြေးမပေးဘဲ သူတို့မြေနဲ့ ခွဲခွါခိုင်းနေပါတယ်။ မြေက ဆောက်လုပ်ရေးစီမံကိန်းအတွက် သိမ်းယူလိုက်ပါတယ်။ ဒေသခံတိဗက်တွေက အတိုက်အခံလုပ်နေတာကြောင့် အာဏာပိုင်တွေရဲ့ဖိနှိပ်ချုပ်ချုပ်မှုတွေ လျော့ပါးလာတာပါ” ဟု အစီရင်ခံစာ၌ဖော်ပြထားသည်။

ဒေသအတွင်းတွင် အတင်းအဓမ္မ မြေယာသိမ်းယူမှုဂယက် တစ်ဖန်ဖြစ်ပေါ်လာခဲ့သည်။ “တရုတ်ကွန်မြူနစ်ပါတီမှ ဗျူရိုကရက်များ၏ မြေယာသိမ်းပိုက်မှုသည် တိဗက်ဒေသများ၌ ဆိုးရွားသော ပြဿနာတစ်ရပ်ဖြစ်လာခဲ့သည်” ဟု သတင်းရင်းမြစ်များကို ကိုးကား၍ မူဝါဒရေးရာသုတေသနအဖွဲ့မှ အစီရင်ခံတင်ပြခဲ့သည်။

စီမံကိန်းများကို ရပ်တန့်ရန် ဒေသခံများက ခုခံနေသော်လည်း မြေယာမူဝါဒများကို ပြင်ဆင်ရန် တရုတ် တွန့်ဆုတ်နေခြင်း၏ နောက်ကွယ်တွင် မရှင်းလင်းသော အကြောင်းပြချက်များ ရှိနေသည်။

ထို့ပြင် တိုက်ပွဲများ မြင့်တက်လာသဖြင့် အိမ်ရာစီမံကိန်းကို ရပ်နားထားရသည်။ အာဏာပိုင်များသည် စီးပွားလုပ်ကိုင်ရန်ရွှေ့ပြောင်းများ၏အိမ်များကို ဖြိုချရန် ကြိုးပမ်းနေသောကြောင့် စီမံကိန်းတွင် ပြဿနာရှိနေသည်။

ယခုနှစ်သြဂုတ်လတွင် တိဗက်လူမျိုးများသည် ဒုက္ခရောက်နေသောဒေသခံများနှင့် တစ်သားတည်းရှိကြောင်း ထုတ်ဖော်ပြောဆိုရန် ဒွမ်ဒါကျေးရွာသို့ သွားရောက်ရန် ကြိုးပမ်းခဲ့သည်။

တရုတ်အာဏာပိုင်များက ရှာဖွေခြင်းနှင့် ခြိမ်းခြောက်ခြင်းများလုပ်ဆောင်ကာ ၎င်းတို့အား ရွာအတွင်းသို့ မဝင်ရန် တားမြစ်ခဲ့ကြောင်း မူဝါဒသုတေသနအဖွဲ့ အစီရင်ခံစာ၌ဖော်ပြထားသည်။

အစောပိုင်းကလည်း အလားတူ ပဋိပက္ခများ ရှိခဲ့ပြီး ယခုနှစ် နိုဝင်ဘာလတွင် ဒွမ်ဒါကျေးရွာ၌ ရန်ပွဲများဖြစ်ပွားခဲ့ကြောင်း သတင်းရင်းမြစ်တစ်ခုက RFA သို့ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly