ကိုဗစ်-၁၉ ထိန်းချုပ်ရေးအတွက် အိန္ဒိယက နိုင်ငံ ၁၅၀ကျော်သို့ ဆေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးထား

ကိုဗစ်-၁၉ ထိန်းချုပ်ရေးအတွက် အိန္ဒိယက နိုင်ငံ ၁၅၀ကျော်သို့ ဆေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးထား

ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးအတွက် အိန္ဒိယနိုင်ငံက ဆောင်ရွက်ရာတွင် ဆေးကုသရေးအဖွဲ့များ စေလွှတ်ပေးခြင်း၊ ကိုဗစ်ဆို်ငရာ ဆေးဝါးများ၊ စမ်းသပ်ပစ္စည်းများနှင့် လူသားချင်းစာနာမှုဆိုင်ရာ ပံ့ပိုးမှုတို့ကို နိုင်ငံပေါင်း ၁၅၀ ကျော်သို့ ပေးထားပြီး ဖြစ်ကြောင်း ပြည်ပရေးရာဝန်ကြီးဌာနအတွင်းဝန် ဆန်ဂျေးဘာတာချာရီယာက ပြောကြားလိုက်သည်။

“ကိုဗစ်-၁၉ ရောဂါက နယ်စပ်များ၊ ရွှေ့ပြောင်းသွားလာခြင်းနှင့် ခရီးသွားလာမှုတို့အပေါ် သက်ရောက်မှု-- သင်ခန်းစာယူခြင်းနှင့် အနာဂတ်အတွက် ပြင်ဆင်ခြင်း’ ခေါင်းစဉ်ဖြင့် နိုင်ငံတကာ ရွှေ့ပြောင်း သွားလာမှုဆိုင်ရာ အဖွဲ့ (IOM) ၏ ၁၁၂ ကြိမ်မြောက် ကောင်စီအစည်းအဝေးကို ဘာတာချာရီယာ တက်ရောက်ခဲ့ပြီး အိန္ဒိယအစိုးရ၏ ထုတ်ပြန်ချက်ကို နိုဝင်ဘာ ၂၈ ရက်က တင်ပြခဲ့သည်။

“အိန္ဒိယက ဆေးကုသရေးအဖွဲ့၊ ကိုဗစ်ဆေးဝါး၊ စမ်းသပ်ပစ္စည်း၊ လူသားချင်းစာနာမှုဆို်ငရာ ပစ္စည်းတွေကို နိုင်ငံပေါင်း ၁၅၀ ကျော်ကို ပို့ပြီးပါပြီ။ ကာကွယ်ဆေးလုံးရေ သန်း ၇၀ ကျော်ကို နိုင်ငံပေါင်း ၉၃ နိုင်ငံ၊ ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုအဖွဲ့တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် ပေးထားပါတယ်” ဟု ၎င်းက ပြောကြားသည်။

“ကာကွယ်ဆေး လုံးရေ ၅ ဘီလျံ ထုတ်လုပ်ထားပြီး မှာယူမှုအရ လာမယ့်ရက်တွေမှာ ထိထိရောက်ရောက် ထုတ်ပေးနို်ငမှာ ဖြစ်ပါတယ်။ ခရီးသွားလာမှုကန့်သတ်ချက်တွေကို ဖြေလျော့ပေးခြင်းနှင့်အတူ တစ်ကမ္ဘာလုံး ကြိုးပမ်းမှုအနေနဲ့ ကာကွယ်ဆေးထိုးလက်မှတ်အပေါ် အပြန်အလှန်အသိအမှတ်ပြုဖို့ လိုအပ်ပါတယ်။ QR ကုဒ်နဲ့ အချက်အလက်ထည့်သွင်းထားတဲ့ အိန္ဒိယရဲ့ CoWin ကာကွယ်ဆေးထိုးလက်မှတ်ကို နို်ငငံပေါင်း ၉၉ နိုင်ငံက အသိအမှတ်ပြုထားပါတယ်” ဟု အတွင်းဝန် ဘာတာချာရီယာက ပြောကြားခဲ့သည်။

ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ မူဝါဒနှင့် ပတ်သက်၍လည်း ဘာတာချာရီယာက ရွှေ့ပြောင်းသွားလာမှု အစီအစဉ်ကို ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အပြန်အလှန်နားလည်မှုနှင့် လက်တွဲဆောင်ရွက်မှုများ လိုအပ်ကြောင်းလည်း ၎င်းက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly