ကိုဗစ်မျိုးကွဲသစ် ကူးစက်နိုင်ခြေများသည့် နိုင်ငံများစာရင်းမှ အိန္ဒိယက ဘင်္ဂလားဒေ့ရှ်ကို ပယ်ဖျက်

ကိုဗစ်မျိုးကွဲသစ် ကူးစက်နိုင်ခြေများသည့် နိုင်ငံများစာရင်းမှ အိန္ဒိယက ဘင်္ဂလားဒေ့ရှ်ကို ပယ်ဖျက်

ကိုရိုနာဗိုင်းရပ်စ်မျိုးစိတ်သစ် Omicron ပျံ့နှံ့မှုအား စောစီးစွာ ဟန့်တားနိုင်ရန် ထုတ်ပြန်ထားသည့် နိုင်ငံများစာရင်းမှ ဘင်္ဂလားဒေ့ရှ်ကို အိန္ဒိယက ပယ်ဖျက်ပေးလိုက်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာအေကေအဗ္ဗဒူမိုမင်၏ မေတ္တာရပ်ခံချက်ကြောင့် ယခုကဲ့သို့ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း မီဒီယာသတင်းများတွင် နိုဝင်ဘာ ၂၈ ရက်က ဖော်ပြခဲ့သည်။

“မေတ္တာရပ်ခံမှုကြောင့် အိန္ဒိယနိုင်ငံ၏ ‘အနီရောင်နိုင်ငံများစာရင်း’ မှ ဘင်္ဂလားဒေ့ရှ်အား ပယ်ဖျက် လိုက်ကြောင်းကို အိန္ဒိယအဆင့်မြင့် ကော်မရှင်ရုံးက အကြောင်းကြားလိုက်သည်” ဟု နို်ငငံခြားရေးဝန်ကြီးက သတင်းထောက်များကို ပြောကြားလိုက်သည်။

တောင်အာဖရိကနို်ငငံတွင် စတင်တွေ့ရှိခဲ့သည့် Omicron မျိုးစိတ်အား ကမ္ဘာ့နို်ငငံများက စိုးရိမ်နေသကဲ့သို့ အိန္ဒိယကလည်း ပြည်ပနိုင်ငံများမှ ရောက်ရှိလာသူများကို ရောဂါ စမ်းသပ်စစ်ဆေးမှုများ နိုဝင်ဘာ ၂၇ ရက်မှ စတင်၍ တိုးမြှင့် လုပ်ဆောင်ခဲ့သည်။

အိန္ဒိယက ထည့်သွင်းထားသည့် ရောဂါကူးစက်နိုင်ခြေများသော နိုင်ငံများစာရင်းတွင် ဗြိတိန်၊ တောင်အာဖရိက၊ ဘရာဇီး၊ ဘော့စ်ဝါနာ၊ တရုတ်၊ မောရိရှ်၊ နယူးဇီလန်၊ ဇင်ဘာဘွေ၊ စင်ကာပူ၊ ဟောင်ကောင်၊အစ္စရေးနှင့် ဥရောပတိုက်နိုင်ငံများ ပါဝင်သည်။

ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များတွင် စာရင်းတွင် ပါရှိသည့် နိုင်ငံများမှလည်းကောင်း၊ ယင်းနိုင်ငံများမှတစ်ဆင့်လည်းကောင်း ရောက်ရှိလာသည့် ခရီးသွားများအနေဖြင့် အိန္ဒိယနိုင်ငံသို့

ရောက်ရှိလာသည့်အခါ RT-PCR စစ်ဆေးမှုခံယူရမည်ဖြစ်ပြီး ဆေးစစ်အဖြေရပြီးမှသာ လေဆိပ်မှ ထွက်ခွာခြင်း သို့မဟုတ် အခြားနိုင်ငံသို့ လေယာဉ်ပြောင်းစီးခြင်းတို့ကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly