အိန္ဒိယက ကိုဗစ်-၁၉ ဒုတိယလှိုင်းကို စိုးရိမ်ခဲ့ရပြီးနောက် Omicron ဗိုင်းရပ်စ် မျိုးကွဲကို အရှိန်မြှင့်တင် စောင့်ကြည့်မည်

အိန္ဒိယက ကိုဗစ်-၁၉ ဒုတိယလှိုင်းကို စိုးရိမ်ခဲ့ရပြီးနောက် Omicron ဗိုင်းရပ်စ် မျိုးကွဲကို အရှိန်မြှင့်တင် စောင့်ကြည့်မည်

ကိုဗစ်-၁၉ မျိုးကွဲများအား စမ်းသပ်အဖြေရှာခြင်းများကို အိန္ဒိယက တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကာ ယခုနောက်ဆုံး ဖြစ်ပွားနေသည့် Omicron မျိုးကွဲအား အလျင်အမြန် စစ်ဆေးခြင်းဖြင့် Delta မျိုးကွဲကြောင့် ယခုနှစ် အစောပိုင်းက ကျန်းမာရေးစနစ် ပြိုလဲလုနီးပါးဖြစ်ခဲ့သည့် အခြေအနေမျိုးကို မရောက်ရှိစေရန် မျှော်လင့်ထားသည်။

လေဆိပ်များတွင် လွန်ခဲ့သည့် ၄၈ နာရီအတွင်း ရောဂါစစ်ဆေးတွေ့ရှိချက်များကို ပြည်သူ့ကျန်းမာရေး အရာရှိများက ပိုင်းခြားသုံးသပ်လေ့လာရန် ရည်ရွယ်ထားသလို နို်ငငံ၏ ငွေကြေးပံ့ပိုးမှုများနှင့် လည်ပတ်နေသော ဓာတ်ခွဲခန်း တစ်ဒါဇင်ကျော်အား Indian SARs-COV-2 Genomics Consortium ( INSACOG) လက်အောက်ရှိ ဓာတ်ခွဲခန်း ၃၈ ခုနှင့် ပေါင်းစပ်ဆောင်ရွက်သွားမည်ဟု နို်ငငံတော်ဗိုင်ရပ်စ်ဗေဒဌာန၏ ညွှန်ကြားရေးမှူး ပရီယာအေဗရာဟင်က ပြောကြားသည်။

အေဗရာဟင်၏ အဖွဲ့အစည်းသည် အိန္ဒိယနိုင်ငံအတွင်း ကိုဗစ်ရောဂါနှင့် ပတ်သက်၍ စစ်ဆေးရှာဖွေရာတွင် အရေးပါသည့်အဖွဲ့အစည်းတစ်ခုဖြစ်သည်။

“ဒုတိယလှိုင်းကနေ အများကြီး သင်ယူနိုင်ခဲ့ပါတယ်။ တစ်နို်ငငံလုံးအနေနဲ့ ဖြစ်စေ၊ အိန္ဒိယအစိုးရအနေနဲ့ ဖြစ်စေ ဒီအရည်အသွေးတွေ မြှင့်တင်ရမယ်ဆိုတာ နားလည်ထားပါတယ်” ဟု အေဗရာဟင်က ပြောကြားသည်။

သို့သော် ကိုဗစ်-၁၉ စစ်ဆေးမှုနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံ၏ လက်ရှိအားနည်းချက်အပေါ် စိုးရိမ်မှုများ ရှိနေဆဲ ဖြစ်သည်။ အထူးသဖြင့် နောက်ဆုံးမျိုးကွဲကူးစက်မှု မဖြစ်ပွားမီက ရောဂါ စစ်ဆေးမှု အစီအစဉ်နှင့် သီးခြားခွဲထားရေး အစီအစဉ်များတွင် လိုအပ်ချက်များရှိနေခဲ့သည်။

ကူးစက်မှုနှုန်း ကျဆင်းသွားခြင်းကြောင့် ပြည်ပမှ လာရောက်သူများကို ဝင်ခွင့်ပေးခဲ့ပြီးနောက် Omicron ကူးစက်မှုတွေ့ရှိသည့် နိုင်ငံများမှ ကာကွယ်ဆေးအပြည့်အဝထိုးပြီး လာသူများကို လေဆိပ်တွင် ဆေးစစ်ခြင်းနှင့် နေအိမ်တွင် သီးခြားထားရှိစောင့်ကြည့်သည့် အစီအစဉ်ကို ပြန်လည်လုပ်ဆောင်လိုက်သည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်းက တောင်အာဖရိကတွင် ပထမဆုံး စတင်တွေ့ရှိခဲ့သော Omicron မျိုးကွဲသည် အိန္ဒိယတွင် တွေ့ရှိခဲ့သည့် Delta ထက် ပိုမို ပျံ့နှံ့လွယ်ကာ ကာကွယ်ဆေးဖြင့် တားဆီးမရခဲ့ပေ။

စမ်းသပ် စစ်ဆေးမှုများကို အရှိန်မြှင့် လုပ်ဆောင်နေသောလည်း လူဦးရေ ၁ ဒသမ ၄ ဘီလျံကျော်ရှိသည့် အိန္ဒိယနိုင်ငံတွင် Omicron သည် ပျံ့နှံ့နေနိုင်ကြောင်း အစိုးရတာဝန်ရှိသူများနှင့် ကျွမ်းကျင်ပညာရှင်အချို့က သံသယရှိနေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly