အိန္ဒိယနိုင်ငံ၏ ဂျီဒီပီ တိုးတက်နှုန်း ယခုနှစ် ဒုတိယ ၃ လအတွင်း ၈ ရာခိုင်နှုန်းကျော်ရှိ

အိန္ဒိယနိုင်ငံ၏ ဂျီဒီပီ တိုးတက်နှုန်း ယခုနှစ် ဒုတိယ ၃ လအတွင်း ၈ ရာခိုင်နှုန်းကျော်ရှိ

အိန္ဒိယနိုင်ငံ၏ စီးပွားရေးသည် ယခုနှစ် ဒုတိယ ၃ လပတ်ကာလဖြစ်သည့် ဇူလိုင်-စက်တင်ဘာအတွင်း ၈ ဒသမ ၄ ရာခိုင်နှုန်းရှိကာ မျှော်မှန်းသည့်အတိုင်း တိုးတက်လာရာတွင် လယ်ယာကဏ္ဍပုံမှန်လည်ပတ်မှု၊ ပြည်သူ့ အုပ်ချုပ်ရေးကဏ္ဍ ၁၀ ဂဏန်းအထိ ရောက်ရှိလာမှု၊ ကာကွယ်ရေးနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများကြောင့် ဖြစ်ပြီး အခြေခံထိခိုက်မှုများ လျော့ကျလာခဲ့သည်။

နိုင်ငံတော် စာရင်းရုံး၏ ဒီဇင်ဘာ ၂၈ ရက်တွင် ထွက်ရှိလာသော အဆိုပါ ထုတ်ပြန်ချက်တွင် စီးပွားရေး တိုးတက်မှုနှုန်းသည် စက်တင်ဘာလအထိ ၃ လတာ ကာလအတွင်း ၈ ဒဿမ ၄ ရာခိုင်နှုန်း ရှိခဲ့ရာ ယခင် ၃ လပတ်၏ ၂၀ ဒသမ ၁ ရာခိုင်နှုန်းထက် နှေးကွေးခဲ့သော်လည်း ယမန်နှစ် ဒုတိယ ၃ လပတ်တိုးတက်မှုနှုန်း ၇ ဒသမ ၄ ရာခိုင်နှုန်းထက် တိုးတက်မှု ပိုမိုခဲ့သည်။

ဂျီဒီပီ ၂၄ ဒသမ ၄ ရာခိုင်နှုန်း ရှိခဲ့သည့် ၂၀၂၀-၂၁ ဘဏ္ဍာနှစ်ပထမ ၃ လပိုင်းတွင် ကိုဗစ်-၁၉ ပျံ့နှံ့မှုကို ထိန်းချုပ်ရန် အသွားအလာ ကန့်သတ်ပိတ်ဆို့မှုများကြောင့် ထိခိုက်မှုများ ရှိခဲ့သော်လည်း လျင်မြန်စွာ ပြန်လည် နာလန်ထူခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly