တရုတ်စီးပွားရေး အနိမ့်အမြင့် အတက်အကျ

တရုတ်စီးပွားရေး အနိမ့်အမြင့် အတက်အကျ

စီးပွားရေးပြုပြင်ပြောင်းလဲမှုများနှင့် ကုန်သွယ်မှုဖြေလျှော့မှုမစတင်မီ လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ခန့်က တရုတ်၏ မူဝါဒများသည် စီးပွားရေးကို တန့်နေစေပြီး ဖွံ့ဖြိုးမှုအားနည်းသလို ဗဟိုချုပ်ကိုင်မှုဖြင့် စီမံခန့်ခွဲကာ စွမ်းဆောင်ရည်အလွန်နည်းပါးပြီး ကမ္ဘာပေါ်ရှိ အခြားနိုင်ငံများနှင့် ကင်းကွာခဲ့သည်။

တရုတ်နိုင်ငံ၏ ပျမ်းမျှ ဂျီဒီပီသည် ၈နှစ်လျှင် ၄ ဆတိုးပြီး ခန့်မှန်းခြေ လူဦးရေ သန်း ၈၀ဝကို ဆင်းရဲတွင်း မှ ဆွဲထုတ်နိုင်ခဲ့သည်။

ကမ္ဘာ့အကြီးဆုံးစီးပွားရေး၊ ထုတ်လုပ်သူ၊ ကုန်စည်ရောင်းဝယ်သူနှင့် နိုင်ငံခြားငွေအရန်ငွေများကို ကိုင်ဆောင် ထားသူ (ဝယ်လိုအားအခြေခံအား) အနေဖြင့် အမေရိကန်ပြည်ထောင်စုကိုပင် ကျော်လွန်ခဲ့ပြီဖြစ်သည်။

ရလဒ်အနေဖြင့် တရုတ်သည် အမေရိကန်၏ အရေးအကြီးဆုံး ကုန်သွယ်ဖက်များထဲမှတစ်နိုင်ငံဖြစ်လာပြီး အကြီးဆုံးကုန်သွယ်ဖက်၊ အကြီးဆုံး သွင်းကုန်အရင်းအမြစ်နှင့် အမေရိကန်၏ တတိယအကြီးဆုံး ပို့ကုန်ဈေးကွက်ဖြစ်လာသည်။

တရုတ်နိုင်ငံ၏ စီးပွားရေးသည် ရင့်ကျက်လာကာ ယင်း၏စစ်မှန်သော GDP တိုးတက်မှုသည် ၂၀ဝ၇ ခုနှစ်တွင် ၁၄ ဒသမ ၂ ရာခိုင်နှုန်း မှ ၂၀ဝ၈ ခုနှစ်တွင် ၆ ဒသမ ၆ ရာခိုင်နှုန်းသို့ သိသိသာသာ နှေးကွေးသွားခဲ့ပြီး နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မှ ၂၀၂၄ ခုနှစ်တွင် ၅ ဒသမ ၅ ရာခိုင်နှုန်းသာ တိုးတက်မည်ဟု ခန့်မှန်းထားသည်။

နှေးကွေးသော စီးပွားရေးတိုးတက်မှုကို တရုတ်အစိုးရမှ လက်ခံထားပြီး ယင်းကို "ပုံမှန်အသစ်" ဟုပင်ခေါ် ဝေါ်ခဲ့ကာ တရုတ်အစိုးရသည် ပုံသေရင်းနှီးမြှုပ်နှံမှု၊ ပို့ကုန်များအပေါ်တွင် မှီခိုမှုနည်းပါးပြီး ပုဂ္ဂလိကသုံးစွဲမှု၊ ဝန်ဆောင်မှုများနှင့် စီးပွားရေးတိုးတက်မှုကို တွန်းအားပေးသည့် ဆန်းသစ်တီထွင်မှုပုံစံဖြစ်သည့် အခြားစီးပွားရေးဆိုင်ရာ တိုးတက်မှုပုံစံသစ်ကို လက်ခံကျင့်သုံးရန် လိုအပ်ကြောင်း အသိအမှတ်ပြုခဲ့သည်။

တရုတ်၏ စီးပွားရေးကျဆင်းမှု ဖိအားအသစ်ကို တုံ့ပြန်သည့်အနေဖြင့် နိုဝင်ဘာ ၂၂ ရက်တွင် ဝန်ကြီးချုပ် လီခါ့ချင်က ရှန်ဟိုင်း၌ ဒေသဆိုင်ရာ တာဝန်ရှိသူများ၏ အစည်းအဝေးကို ခေါ်ယူခဲ့သည်။

တစ်ချိန်တည်းမှာပင် တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံတော်ကောင်စီ အထွေထွေရုံးက အသေးစားနှင့် အလတ် စားစီးပွားရေးလုပ်ငန်းများကို ကူညီရန်နှင့် ကယ်ဆယ်ရေးရန်ပုံငွေများ စီစဉ်ပေးရန် ဒေသန္တရအစိုးရများကို အားပေးတိုက်တွန်းရန် စာတမ်းတစ်စောင် ထုတ်ပြန်ခဲ့သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF) က တရုတ်စီးပွားရေးနှင့် ပတ်သက် သည့် ယင်း၏ နှစ်ပတ်လည် အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပြီး တရုတ်၏ စီးပွားရေးမှာ ကျဆင်းနိုင်သည့် အန္တရာယ်များ တိုးလာနေကြောင်း ထောက်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly