သင်တန်းအပြန်လမ်းတွင် လှေမှောက်ရာက PDF ရဲဘော် ၂ ဦး ရေနစ်သေဆုံးခဲ့ရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ စခန်းတာဝန်ရှိသူနှင့် ဆက်သွယ်မေးမြန်းချက်

05 December 2021
သင်တန်းအပြန်လမ်းတွင် လှေမှောက်ရာက PDF ရဲဘော် ၂ ဦး ရေနစ်သေဆုံးခဲ့ရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ စခန်းတာဝန်ရှိသူနှင့် ဆက်သွယ်မေးမြန်းချက်

ဒီဇင်ဘာ ၅

"သူတို့သင်တန်းသွားတဲ့အချိန် ကားထွက်ခါနီး ကျွန်တော်မှာတဲ့စကား တစ်ခွန်းပဲရှိတယ်။ ခင်ဗျားတို့အားလုံး သင်တန်း နှစ်ပတ်ပြီးရင် မူရင်းတပ်ခွဲစခန်းကို ခင်ဗျားတို့ ရောက်အောင်ပြန်လာပါ။ ကျွန်တော်အဲဒါပဲ လိုချင်တယ်။ တခြားဟာ ကျွန်တော်မလိုချင်ဘူး" ဟုဆိုကာ PDF သင်တန်းသားရဲဘော်များအား မှာလိုက်သည့် ကိုဇေယျာလွင်၏စခန်းမှ ရဲဘော်များ သင်တန်းမှအပြန် မြစ်ထဲလှေမှောက်ရာက ရဲဘော် နှစ်ဦး ဆုံးပါးခဲ့ရသည်။

နိုဝင်ဘာလ ၂၈ ရက် မနက်ပိုင်း စစ်ရေးလေ့ကျင့်ပြီးအပြန် လှေပေါ်တွင် ရဲဘော် ကိုးဦးလိုက်ပါလာခဲ့သော်လည်း လှေနစ်ကာ ခုနှစ်ဦးသာ ကမ်းပေါ်ပြန်တက်လာနိုင်ခဲ့ပြီး ရဲဘော်ချိုင်းနှင့် ရဲဘော်ဖလက်တို့ ဆုံးပါးခဲ့ရသည်။

ထိုနေ့ ညနေပိုင်းတွင် ရဲဘော်ဖလက်၏ ရုပ်အလောင်းအား ရှာတွေ့ကာ ညတွင်းချင်း မြေချနိုင်ခဲ့သော်လည်း ရဲဘော်ချိုင်းကိုမူ သုံးရက်မြောက်နေ့ဖြစ်သည့် နိုဝင်ဘာလ ၃၀ ရက် မနက်ပိုင်းမှ ပြန်လည်ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ် အသေးစိတ်အခြေအနေနှင့်တကွ ဆုံးပါးသွားသည့် ရဲဘော် နှစ်ဦး၏ နောက်ဆုံးခရီးအကြောင်းကို စခန်းတာဝန်ရှိသူ ကိုဇေယျာလွင်အား မဇ္ဈိမ က ဆက်သွယ်မေးမြန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly