ပါကစ္စတန် ထောက်လှမ်းရေးအေဂျင်စီက ဘင်္ဂလားဒေ့ရှ်ကို မတည်မငြိမ်ဖြစ်စေရန် ကြိုးပမ်းနေဟု ဆို

By Zee5
04 December 2021
ပါကစ္စတန် ထောက်လှမ်းရေးအေဂျင်စီက ဘင်္ဂလားဒေ့ရှ်ကို မတည်မငြိမ်ဖြစ်စေရန် ကြိုးပမ်းနေဟု ဆို

၁၉၇၁ ခုနှစ်တွင် နိုင်ငံရေးနှင့် ဘာသာရေး မရောထွေးသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ထူထောင်ဖွဲ့စည်းခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အစ္စလမ္မစ် အကြမ်းဖက်ဝါဒ၏ အမြစ်များကို အားကောင်းစေခြင်းအားဖြင့် ပါကစ္စတန်ထောက်လှမ်းရေးအေဂျင်စီ ISI သည် ဘင်္ဂလားဒေ့ရှ်ကို မတည်မငြိမ်ဖြစ်စေရန် ကြိုးပမ်းနေသည်။

"ပါကစ္စတန်ရဲ့ ISI ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွတ်လပ်တဲ့ နိုင်ငံဖြစ်လာချိန်ကနေစပြီး ဘင်္ဂလားဒေ့ရှ်ကို မတည်မငြိမ်ဖြစ်စေအောင် ကြိုးပမ်းနေပါတယ်၊ ဒီလိုသွင်ပြင်တွေကိုတော့ လျစ်လျူရှုလို့ မရနိုင်ပါဘူး" ဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီး ဟက်ဆန် အူ-အီနူက LeT အပြင် ISI ၏ အခန်းကဏ္ဍနှင့်ပတ်သက်ပြီး အလေးပေး ပြောခဲ့ကြောင်း Bangladesh Live News က ဖော်ပြသည်။

နိုင်ငံ ၅ နိုင်ငံမှ လူ ၂၀ ဦးထက်မနည်း သေဆုံးခဲ့ရသည့် ၂၀၁၆ ဒါကာမြို့ လူကုံထံ နယ်မြေအရပ်ရှိ မုန့်တိုက်တစ်ခု တိုက်ခိုက်ခံရမှုဖြစ်စဥ်တွင် ဘင်္ဂလားဒေ့ရှ်ရှိ အကြမ်းဖက်မှုနှင့် ယင်းကို ပါကစ္စတန်ဘက်မှ ထောက်ကူအားပေးမှုတို့အကြား ဆက်နွယ်ပတ်သက်မှုကို အခိုင်အမာသက်သေထူထားခဲ့သည်။

ထို တိုက်ခိုက်မှုကို ဂျမက်-အူ မူဂျာဟစ်ဒင် ဘင်္ဂလားဒေ့ရှ် (JMB) ဟု ခေါ်သည့် ပြည်တွင်းတွင် ပေါက်ဖွားသည့် အဖွဲ့တစ်ခုက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်မှုဖြစ်စဥ်ဖြစ်ပြီးနောက် အကြမ်းဖက်အဖွဲ့ကို စီးနင်းခဲ့မှုများအရ ယင်းအဖွဲ့ကို ပါကစ္စတန်အခြေစိုက် လက်ရှ်ကာ-အီ-တိုင်ဘာ (LeT) က ထောက်ပံ့ထားခဲ့ကြောင်း ထုတ်ဖော်သိရှိခဲ့သည်ဟု Bangladesh Live News က ဖော်ပြသည်။

ISI သည် LeT အပါအဝင် အကြမ်းဖက်အဖွဲ့များကို လေ့ကျင့်သင်ကြားပေးမှု၊ ငွေကြေးထောက်ပံ့မှု၊ အကာအကွယ်ပေးမှု ပုံစံဖြင့် ထောက်ကူပံ့ပိုးပေးခဲ့သည်ဟု မကြာခဏ စွပ်စွဲခံထားရသည်။

၂၀၁၆ ဒါကာ တိုက်ခိုက်မှုဖြစ်ပြီးနောက် မကြာမီ စုံစမ်းစစ်ဆေးမှုများနှင့်အတူ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်မှ တွေ့ရှိမှုများအရ JMB အကြမ်းဖက်သမားများသည် ပါကစ္စတန်သို့ သွားရောက်ထားခဲ့ပြီး ယင်းနောက် စစ်ဘက်ဆိုင်ရာ လေ့ကျင့်မှုခံယူရန် အာဖဂန်နစ္စတန်သို့ သွားရောက်ထားခဲ့သည်ကို တွေ့ရှိခဲ့ကြောင်း Bangladesh Live News က ဖော်ပြသည်။ ဘင်္ဂလားဒေ့ရှ်ရှိ အစွန်းရောက်ဝါဒနှင့် JMB ကို လေ့ကျင့်သင်ကြားရာတွင် LeT က အဓိကကျနေခဲ့သည့် Bangladesh Live News က ဖော်ပြသည်။

ထို့ပြင် JMB နှင့် LeT တို့သည် ဘင်္ဂလားဒေ့ရှ်ရှိ ဝေးလံသော ဘန်ဒါဘန် ဧရိယာများနှင့် ကော့ဇ်ဘဇား၏ တက်ခ်နက်ဖ် တို့တွင် နေထိုင်နေကြသည့် ရိုဟင်ဂျာ မွတ်ဆလင်များကို စတင်ကူညီပေးထားခဲ့သည်ကိုလည်း တွေ့ရှိထားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် အခြေစိုက် ရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့ Aqa Mul Mujahideen (AMM) သည် Harkat-ul-Jihad Islami-Arakan (HUJI-A) မှ မူလအစပြုခဲ့ခြင်းဖြစ်ပြီး HUJI-A သည် LeT နှင့် ပါကစ္စတန်တာလီဘန်တို့နှင့် နီးကပ်သည့် ဆက်ဆံရေးကို ထိန်းသိမ်းထားသည်ဟု သတင်းများအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly