"စစ်ဖိနပ်အောက် ဘယ်တော့မှ ဒူး မထောက်ဘူး" တဲ့ မန္တလေးက ဆန္ဒပြသူများ

03 December 2021
"စစ်ဖိနပ်အောက် ဘယ်တော့မှ ဒူး မထောက်ဘူး" တဲ့ မန္တလေးက ဆန္ဒပြသူများ

အာဏာသိမ်းစစ်အုပ်စုကိုဆန့်ကျင်သောဆန္ဒပြပွဲကို မန္တလေးတွင် ယနေ့ဆက်လက်ပြုလုပ်ရာ စစ်ဖိနပ်အောက် ဒူးမထောက်ဘူး ကြွေးကြေည်သံများတိုင်သလို မြန်မာအလံ နှင့် စစ်အင်္ကျီတို့အား မီးရှို့ဖျက်ဆီးခဲ့ကြသည်။

သံဃသမဂ္ဂ စစ်ကြောင်း၊ ဘုရားကြီး စစ်ကြောင်း၊ မန္တလာကျောင်းသား/သူများ စစ်ကြောင်း၊ စက်မှု စစ်ကြောင်း၊ မြတောင် စစ်ကြောင်း၊ အရမ်းညီတဲ့ ချမ်းစည် စစ်ကြောင်း၊ သမဝါယမ ကျောင်းသား/သူများ စစ်ကြောင်း နှင့် မန္တလေးမြို့အခြေစိုက်လူထု စစ်ကြောင်း တို့ပူးပေါင်းကာ ယနေ့ ဒီဇင်ဘာလ ၃ ရက်နေ့ညတွင် မီးတုတ်များကိုင်ဆောင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly