ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုကြောင့် ရှန်ဟိုင်းမြို့တွင် ခရီးသွား လုပ်ငန်းများကို ကန့်သတ်

ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုကြောင့် ရှန်ဟိုင်းမြို့တွင် ခရီးသွား လုပ်ငန်းများကို ကန့်သတ်

တရုတ်အစိုးရက ကူးစက်ရောဂါ တစ်ဆင့်ထိတွေ့ပျံ့နှံ့မှု လုံးဝမဖြစ်ပေါ်စေရန် တရုတ်နိုင်ငံ အရှေ့ပိုင်း ဒေသအချို့တွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုအချို့ကြောင့် ရှန်ဟိုင်းမြို့တွင် ခရီးသွား လုပ်ငန်းများကို ကန့်သတ်လိုက်ပြီး အနီးနားမြို့တစ်မြို့တွင် အများပြည်သူသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုများ ဖြတ်တောက်လိုက်သည်။

ရှန်ဟိုင်းမြို့တွင် ပြည်တွင်းမှ ကူးစက်သော ကိုဗစ်-၁၉ ကူးစက်ခံရသူ ၃ ဦးကို နိုဝင်ဘာ ၂၅ ရက်တွင် အတည်ပြုလက္ခဏာများ တွေ့ရှိခဲ့ကြောင်း အမျိုးသားကျန်းမာရေးကော်မရှင် (NHC) မှ တရားဝင် အချက်အလက်များက နိုဝင်ဘာ ၂၆ ရက်တွင် ဖော်ပြခဲ့သည်။

ရှန်ဟိုင်းတွင် ပြည်တွင်းကူးစက်မှု သြဂုတ်လအတွင်းက နောက်ဆုံး ဖြစ်ပွားခဲ့သည်။

တရုတ်နိုင်ငံတွင် Delta မျိုးကွဲကြောင့် ဖြစ်ပေါ်လာသော အကြီးမားဆုံးရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ပြီးနောက် ရက်ပိုင်းအကြာတွင် အဆိုပါကူးစက်မှုအသစ်သည် ပြည်တွင်းကူးစက်မှုကို ဖယ်ရှားရန် ကြိုးပမ်းမှုတွင် ဖြစ်ပေါ်လာနေသည့် စိန်ခေါ်မှုဖြစ်သည်။

တရုတ်နိုင်ငံ၏ ရည်ရွယ်ချက်မှာ ရောဂါကူးစက်မှု လုံးဝကင်းစင်ရန်မဟုတ်ဘဲ ဒေသတွင်း အစုအပြုံလိုက် ကူးစက်များကို ရှာဖွေတွေ့ရှိပြီး တတ်နိုင်သမျှ အမြန်ဆုံး ထိန်းချုပ်နိုင်စေရန်ဖြစ်ကြောင်း အမျိုးသားကျန်းမာရေး တာဝန်ရှိသူများက အောက်တိုဘာလအစောပိုင်းတွင် ပြောကြားခဲ့သည်။

ရှန်ဟိုင်းမြို့နှင့် အခြားပြည်နယ်အဆင့် ဒေသများကြား ခရီးစဉ်များကို ရပ်ဆိုင်းထားရန် ခရီးသွားအေဂျင်စီများ ညွှန်ကြားထားသည်။

လူဦးရေ ၂၄ ဒသမ ၉ သန်းရှိသော ဘဏ္ဍာရေး အချက်အချာကျသောနေရာတွင် ကူးစက်မှုအန္တရာယ် မြင့်မားသည်ဟု ယူဆရသောလူနေရပ်ကွက်အချို့ကို ပိတ်ပင်ကန့်သတ်ထားပြီး ဒေသခံဆေးရုံ ၂ ခုသည် ကိုဗစ်-၁၉ ထိန်းချုပ်မှုကို လိုက်နာရန် လူကိုယ်တိုင်လာပြသည့် ဝန်ဆောင်မှုကိုရပ်ဆိုင်းခဲ့သည်။

ရှန်ဟိုင်းမှ ၉ နာရီခန့် ကားမောင်းရသည့် ကျန်းစုပြည်နယ် အရှေ့ပိုင်းရှိ စုကျိုးမြို့တွင် ရှန်ဟိုင်းမှ ရောဂါဖြစ်ပွား သူနှင့် အတူထိတွေ့ခဲ့သည့် ရောဂါလက္ခဏာမပြသည့် ပြည်တွင်းကူးစက်ခံရသူ တစ်ဦးကို တွေ့ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly