ယူနက်စကို အမှုဆောင်အဖွဲ့တွင် ၂၀၂၁-၂၅ ခုနှစ် ကာလအတွက် အိန္ဒိယနိုင်ငံကို ပြန်လည်ရွေးချယ်

ယူနက်စကို အမှုဆောင်အဖွဲ့တွင် ၂၀၂၁-၂၅ ခုနှစ် ကာလအတွက် အိန္ဒိယနိုင်ငံကို ပြန်လည်ရွေးချယ်

ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့အစည်း(ယူနက်စကို) – UNESCO- ၏ ၂၀၂၁-၂၅ ခုနှစ် ကာလအတွက် အမှုဆောင်အဖွဲ့တွင် အိန္ဒိယနိုင်ငံကို နိုဝင်ဘာ ၂၄ ရက်က ပြန်လည် ရွေးချယ်လိုက်သည်။

“ယူနက်စကို အမှုဆောင်အဖွဲ့အတွက် အိန္ဒိယကို ထောက်ခံမဲ ၁၆၄ မဲ ဖြင့် ပြန်လည်ရွေးချယ်လိုက်ပါတယ်” ဟု ယူနက်စကို၏ အိန္ဒိယနိုင်ငံဆိုင်ရာ ပါရီမြို့အခြေစိုက် အမြဲတမ်းကိုယ်စားလှယ်အဖွဲ့က တွစ်တာတွင် ရေးသားထားသည်။

အာရှနှင့် ပစိဖိတ်နိုင်ငံများ အုပ်စု၄တွင် ဂျပန်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ကွတ်ကျွန်းများနှင့် တရုတ်နိုင်ငံတို့လည်း ရွေးချယ်ခံခဲ့ရသည်။

ယူနက်စကိုတွင် အမှုဆောင်အဖွဲ့သည် ဖွဲ့စည်းအုပ်ချုပ်ရေးအဖွဲ့ ၃ ဖွဲ့အနက် ၁ ခုဖြစ်သည်။ (အခြား ၂ ဖွဲ့သည် အထွေထွေညီလာခံနှင့် အတွင်းရေးမှူးရုံးအဖွဲ့တို့ ဖြစ်သည်)။ အမှုဆောင်အဖွဲ့ကို အထွေထွေညီလာခံက ရွေးချယ်ရသည်။

အထွေထွေညီလာခံသည် လုပ်ပိုင်ခွင့်အာဏာအောက်တွင် အမှုဆောင်အဖွဲ့က ယူနက်စကို၏ လုပ်ငန်းအစီအစဉ်များနှင့် ညွှန်ကြားရေးမှူးချုပ်က တင်သွင်းလာသည့် ခန့်မှန်ဘတ်ဂျက်တို့ကို စစ်ဆေးရသည်။

အဖွဲ့ ၃ ဖွဲ့တွင် ၅၈ နိုင်ငံစီပါဝင်ပြီး သက်တမ်း ၄နှစ်စီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly