တရုတ် ရင်းနှီးမြှုပ်နှံမှုများ ကျဆင်းခြင်းကြောင့် အာဖရိကနိုင်ငံများတွင် အခြေခံအဆောက်အအုံစီမံကိန်းများ ရပ်ဆိုင်းထား

တရုတ် ရင်းနှီးမြှုပ်နှံမှုများ ကျဆင်းခြင်းကြောင့် အာဖရိကနိုင်ငံများတွင် အခြေခံအဆောက်အအုံစီမံကိန်းများ ရပ်ဆိုင်းထား

ကြီးမားသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများလုပ်ဆောင်ရန် တရုတ်နိုင်ငံ၏ အာသီသ လျော့နည်းလာသည်နှင့်အမျှ အာဖရိကနိုင်ငံအများအပြားရှိ အခြေခံ အဆောက်အအုံစီမံကိန်းများသည် သက်ဆို်ငရာအစိုးရများကို အကြီးအကျယ် ထိုးနှက်လျက်ရှိသည်။

တရုတ်သည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အခြေခံအဆောက်အအုံ အမြောက် အမြားကို ငွေကြေးထောက်ပံ့သည့် သမ္မတ ရှီကျင့်ဖျင်၏ ရည်မှန်းချက်ကြီးသော ခါးပတ်လမ်းစီမံကိန်း (BRI) ၏ တစ်စိတ်တစ်ပိုင်းအဖြစ် အာဖရိကနိုင်ငံများကို အမေရိကန်ဒေါ်လာ ဘီလီယံရာနှင့်ချီ ထုတ်ချေး ခဲ့သော်လည်း မကြာသေးမီနှစ်များအတွင်း ငွေချေးမှုများ ရပ်တန့်သွားခဲ့ကြောင်း Taipei Times ၏ သတင်းတွင် ဖော်ပြထားသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးနှေးကွေးသဖြင့် တရုတ်က ဆိုးဆိုးရွားရွား ထိခိုက်လာခြင်းကြောင့် ဖြစ်ကြောင်း ကျွမ်းကျင်သူများ၏ သုံးသပ်ချက်ကို အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

"ကျွန်တော်တို့က စီးပွားရေ လုပ်ငန်းတွေ ကောင်းနေတဲ့ ခေတ်မှာ မဟုတ်တော့ပါဘူး" ဟု ကိုလံဘီယာတက္ကသိုလ်မှ သမိုင်း ပညာရှင် အဒမ်တို့ဇ်က တရုတ်၏ ပြည်ပရင်းနှီးမြှုပ်နှံမှုစီမံကိန်းများနှင့် ပတ်သက်၍ Taipei Times သို့ ပြောကြား ခဲ့သည်။

"တရုတ်ဘက်ခြမ်းကနေ ပြန်လည်ဟန်ချက်ညီဖို့ လုပ်ဆောင်နေတာ သေချာပေါက်ရှိနေပါတယ်" ဟု အဒမ်တို့ဇ် က ပြောကြားခဲ့ပြီး သူ၏ စာအုပ်အသစ်ဖြစ်သော Shutdown တွင် ကိုဗစ်-၁၉က ကမ္ဘာ့စီးပွားရေးကို မည်ကဲ့သို့ ထိခိုက်စေခဲ့သည်ကို ဆန်းစစ်ကာ ပေကျင်း၏ လက်ရှိငွေကြေးပိုလျှံမှုများသည် အနည်းငယ် ကျဆင်းသွား ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းများဖွံ့ဖြိုးတိုးတက်ရန် တရုတ်အား မှီခိုနေရသော အာဖရိကနိုင်ငံများအတွက် ကြီးမားသော ထိုးနှက်ချက်ဖြစ်ကြောင်း Taipei Times သတင်းတွင် ဖော်ပြထားသည်။

"ကပ်ရောဂါက တကယ့်ကို ကိစ္စရပ်တိုင်းကို ပိုဆိုးသွားစေပါတယ်။ အဲဒီအရေအတွက်က ပိုဆိုးလာလိမ့်မယ်" ဟု အာဖရိကဖွံ့ဖြိုးရေးဘဏ် ဥက္ကဌ အဒီဆီးနားက ဒေသတွင်း ကျန်းမာရေးဝန်ဆောင်မှုများကို ပံ့ပိုးပေးရန်အတွက် ထပ်လောင်းအခြေခံအဆောက်အအုံများ လိုအပ်နေကြောင်း ထောက်ပြပြောဆိုခဲ့သည်။

ခါးပတ်လမ်းစီမံကိန်းများ(BRI)၏ အနည်းဆုံး သုံးပုံတစ်ပုံသည် အကျင့်ပျက်ခြစားမှု အရှုပ် တော်ပုံများ၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှု၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်များနှင့် လူထုဆန္ဒ ပြမှုများကဲ့သို့သော အကြောင်းရင်းများကြောင့် အကောင်အထည်ဖော်မှုဆိုင်ရာ ပြဿနာများရှိနေကြောင်း အစီရင်ခံစာများတွင်လည်း အကြံပြုဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly