ကမ္ဘာ့ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေးမတက်ရောက်သဖြင့် တရုတ်သမ္မတ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရ

ကမ္ဘာ့ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေးမတက်ရောက်သဖြင့် တရုတ်သမ္မတ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရ

ကမ္ဘာ့ကာဗွန်ထုတ်လွှတ်မှု၏ ၄ ပုံ ၁ ပုံ ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်လင့်ကစား တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကမ္ဘာ့ထိပ်သီးအစည်းအဝေးတွင် မပါဝင်ခဲ့သောကြောင့် ကမ္ဘာအဝှမ်းမှ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကမ္ဘာ့ထိပ်သီးညီလာခံ COP26 ကို စကော့တလန်နိုင်ငံ၊ ဂလက်စ်ဂိုးမြို့တွင် ကုလသမဂ္ဂအဖွဲ့အစည်း (UNO) ကကျင်းပခဲ့သည်။

တရုတ်နိုင်ငံ၏ ဓာတ်ငွေ့ထုတ်လွှတ်မှုကို ကြီးကြီးမားမား လျှော့ချခြင်းမရှိပါက ကမ္ဘာကြီးသည် ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရာတွင် အောင်မြင်နိုင်မည်မဟုတ်ကြောင်း ကနေဒါအခြေစိုက် ပညာရှင်အဖွဲ့မှ ကျွမ်းကျင်သူများက သဘောတူညီခဲ့ကြသည်။

COP26 ရာသီဥတု ထိပ်သီးအစည်းအဝေးတွင် တရုတ်သမ္မတရှီကျင့်ဖျင်၏ ပျက်ကွက်မှုသည် လုံးဝ စိတ်ပျက်စရာ ဖြစ်စေသည်။ သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေရာတွင် အများဆုံး ပတ်သက်သူ မတက်ရောက်သည့်အခါ ရာသီဥတုပြောင်းလဲမှုကို ရပ်တန့်စေရန် ခဲယဉ်းသည်ဟု ယူဆရကြောင်း International Forum for Rights and Security (IFFRAS) က ပြောသည်။ ကမ္ဘာ့ခေါင်းဆောင် ၁၂၀ ကျော်က ကမ္ဘာ့အပူချိန်ကို ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်အထိ မည်ကဲ့သို့ ကန့်သတ်ရမည်ကို ၂ ရက်ကြာ ဆွေးနွေးစဉ်မှာ ထိပ်သီးစည်းဝေးပွဲသို့ တရုတ်သမ္မတ မပါဝင်ခြင်းသည် ကြီးမားသောအမှားတစ်ခုဖြစ်ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ပြောကြားခဲ့သည်။

ရာသီဥတု ထိပ်သီးအစည်းအဝေးနှင့် ဝေးကွာနေခဲ့သော ရုရှားနိုင်ငံနှင့် ၎င်း၏ သမ္မတဗလာဒီမာ ပူတင်တို့ကိုလည်း ထည့်သွင်းပြောဆိုလျက် “သူတို့တွေ အစည်းအဝေးမတက်ခဲ့ကြဘူး။ အဲဒါက ကြီးမားတဲ့ ပြဿနာဖြစ်ပြီးတော့ သူတို့က ခေါင်းရှောင်သွားကြတာပါ ။ခေါင်းဆောင်ဆိုတဲ့ ရာထူးရဖို့ သူတို့ ဘယ်လိုတောင်းဆိုထားကြတာလဲ” ဟု ဘိုင်ဒင်က မေးမြန်းခဲ့သည်။

အမေရိကန်သမ္မတဟောင်း ဘားရတ်အိုဘားမားကလည်း ဂလက်စ်ဂိုးမြို့အစည်းအဝေး၌ ခေါင်းဆောင်များ ပျက်ကွက်မှုအတွက် တရုတ်နှင့် ရုရှားတို့ကို ဝေဖန်ခဲ့သည်။ "ဓာတ်ငွေ့ထုတ်လွှတ်မှုများပြားတဲ့ နိုင်ငံတွေက ခေါင်းဆောင်တွေ ဂလက်စ်ဂိုးက ဆွေးနွေးပွဲတွေ မတက်ဖြစ်တာဟာ စိတ်ပျက်စရာပါပဲ" ဟု ဆိုသည်။

IFFRAS အဆိုအရ တရုတ်သည် ဓာတ်ငွေ့ထုတ်လုပ်မှုလျှော့ချရန် ကတိကဝတ်များ ပျက်ကွက်သဖြင့် COP26 ၌ အပြင်းအထန် စိစစ်ခံရမည်ဟု မျှော်လင့်ထားသောကြောင့် တရုတ်သမ္မတ ရှီကျင့်ဖျင်က အဆိုပါ ထိပ်သီးအစည်းအဝေးသို့ မတက်ရောက်ခဲ့ခြင်းဖြစ်နိုင်သည်။ လေထုညစ်ညမ်းရုံသာမက ပေကျင်း၏စက်မှုလုပ်ငန်းများသည်အာရုံကြောကလာပ်စည်းကို အဆိပ်ဖြစ်စေသော ပြဒါး ထုတ်လွှတ်မှုတွင်လည်း ကမ္ဘာတွင် ဦးဆောင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly