ဗီယက်နမ်တွင် တရုတ်ကာကွယ်ဆေးထိုးသည့် နောက်ထပ် အလုပ်သမားတစ်ဦး သေဆုံး

ဗီယက်နမ်တွင် တရုတ်ကာကွယ်ဆေးထိုးသည့် နောက်ထပ် အလုပ်သမားတစ်ဦး သေဆုံး

ဗီယက်နမ်နိုင်ငံ တန်ဟောင်မြို့တွင် ကာကွယ်ဆေးထိုးပြီး လူ ၂ ဦးသေဆုံးပြီးနောက်တွင် နောက်ထပ် အလုပ်သမား တစ်ဦးလည်း Vero Cell ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးနောက် သေဆုံးသွားခဲ့ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။

နုန်းချုံးခရိုင်တွင် နိုဝင်ဘာ ၂၃ရက်တွင် ကင်းဗက်ဖိနပ်ကုမ္ပဏီမှ အလုပ်သမားအုပ်စုမှ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးသည် Vero Cell ကာကွယ်ဆေးထိုးခဲ့ကြောင်း ဖော်ပြခဲ့သည်။ အမျိုးသမီး အယောက် ၃၀ သည် ဆေးထိုးပြီးနောက် ဘေးထွက်ဆိုးကျိုးများ ခံစားခဲ့ရပြီး အမျိုးသမီး ၅ ဦးမှာ ပြင်းထန်သော ဓာတ် မတည့်မှုဖြစ်ခဲ့သည်ဟု ဗီယက်နမ်သတင်းစာ VnExpressက ဖော်ပြခဲ့သည်။

၎င်းတို့ ၅ ဦးအား ဒေသဆိုင်ရာ ဆေးရုံများသို့ လွှဲပြောင်းပေးခဲ့ပြီး ယင်းတို့ထဲမှ ၃ ဦးမှာ နိုဝင်ဘာ ၂၃ရက်တွင် သေဆုံးသွားခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

အလယ်ပိုင်းပြည်နယ် ကျန်းမာရေးဌာနက နိုဝင်ဘာ ၂၃ရက်တွင် ၂ ဦး သေဆုံးခဲ့ကြောင်း ကြေညာခဲ့ပြီး တတိယမြောက် သေဆုံးမှုကို ယင်း၏ ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ဦးဆောင်ကော်မတီက နိုဝင်ဘာ ၂၅ရက်တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း VnExpressက ဖော်ပြခဲ့သည်။

ဆေးထိုးပြီးနောက်ဘေးထွက်ဆိုးကျိုးခံစားရသူအများစုမှာအသက် ၂၅ နှစ်မှ ၃၀ နှစ်ကြားဖြစ်သည်ဟု နုန်းချုံးခရိုင်အာဏာပိုင်များက ဆိုကြောင်း VnExpressက ဖော်ပြခဲ့သည်။

တန်ဟောင်အထွေထွေရောဂါကုဆေးရုံကြီး တွင် ဘေးထွက်ဆိုးကျိုးခံစားနေရသူ ၉ ဦးကို ကုသနေရဆဲဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly