အိန္ဒိယ၏ ဂျီဒီပီ တိုးတက်မှုနှုန်း ၂၀၂၂ ဘဏ္ဍာနှစ်တွင် ၉ ဒသမ၅ ရာခိုင်နှုန်း ရှိနိုင်

အိန္ဒိယ၏ ဂျီဒီပီ တိုးတက်မှုနှုန်း ၂၀၂၂ ဘဏ္ဍာနှစ်တွင် ၉ ဒသမ၅ ရာခိုင်နှုန်း ရှိနိုင်

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုမှ မျှော်လင့်ထားသည်ထက် ပိုမိုမြန်ဆန်စွာ ပြန်လည်ကောင်းမွန်နေခြင်း၊ ဝယ်သူသူများ၏ ယုံကြည်ချက် မြင့်တက်လာခြင်းနှင့် သုံးစွဲနိုင်မှုများ မြင့်တက်လာခြင်းကြောင့် အိန္ဒိယနိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းသည် စက်တင်ဘာလအတွင်းက ၈ ဒသမ၉ ရာခိုင်နှုန်းရှိခဲ့ရာမှ လာမည့်နှစ်တွင် ၉ ဒသမ ၅ ရာခိုင်နှုန်းအထိ ရှိလာနိုင်ကြောင်း ဆွစ်ဇာလန် ချေးငွေ သက်သေခံလက်မှတ်လုပ်ငန်း UBS Securities က ခန့်မှန်းလိုက်သည်။

၂၀၂၃ ဘဏ္ဍာနှစ်တွင် အတိုးနှုန်းနည်းဖြင့် ထုတ်ချေးသည့် အစီအစဉ်သည် အဆုံးသတ်မည်ဖြစ်သလို နောက်ဘဏ္ဍာရေးနှစ်၏ ဒုတိယပိုင်းကာလအတွင်း ဗဟိုဘဏ်၏ မူဝါဒမြင့်တင်မှုတို့ကြောင့် နိုင်ငံ၏

စီးပွားရေးသည် ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ၇ ဒသမ ၇ ရာခိုင်နှုန်းနှင့် ၂၀၂၄ ခုနှစ်တွင် ၆ ရာခိုင်နှုန်းသို့ အသင့်အတင့် ပြန်လည်ရောက်ရှိသွားနိုင်ကြောင်းလည်း UBS Securities ၏ ခန့်မှန်းချက်တွင် ပါဝင်သည်။

အရန်ဘဏ်ကလည်း ယခုဘဏ္ဍာနှစ်အတွင်း ဂျီဒီပီ တိုးတက်မှုနှုန်းကို ၉ ဒသမ ၅ ရာခိုင်နှုန်း ခန့်မှန်းထားသော်လည်း ပျမ်းမျှအားဖြင့် ၈ ဒသမ ၅ မှ ၁၀ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားသည်။

နိုင်ငံအတွင်း လုပ်ငန်းများကို ပြန်လည်ဖွင့်ပေးလိုက်ခြင်းကြောင့် စီးပွားရေး ဦးမော့လာသလို ကိုဗစ်ကပ်ရောဂါ ဒုတိယလှိုင်းမှ ပြန်လည်ကောင်းမွန်မှု မြန်ဆန်လာခြင်းကြောင့် မျှော်လင့်ထားသည်ထက် တိုးတက်ခြင်း ဖြစ်ကြောင်း UBS Securities India ၏ စီးပွားရေးပညာရှင်အကြီးအကဲ တန်ဗီဂုပတားက ပြောကြားထားသည်။

ယခုဘဏ္ဍာရေးနှစ်၏ တတိယ ၃ လပတ်တွင် စီးပွားရေး တိုးတက်မှုသည် ၉-၁၀ ရာခိုင်နှုန်းနှင့် စတုတ္ထ ၃ လပတ်တွင် ၆-၆ ဒသမ၅ ရာခိုင်နှုန်းရှိနိုင်ပြီး တစ်နှစ်လုံးအနေဖြင့် ပိုမိုမြင့်တက်လာနိုင်မည်ဖြစ်ကြောင်း သူမက ပြောကြားခဲ့သည်။

ကပ်ရောဂါဖြစ်ပွားမှုလည်း ကျဆင်းသွားပြီ ဖြစ်သောကြောင့် ကမ္ဘာ့အဆင့်တွင် ကုန်ပစ္စည်းတင်ပို့ခြင်းမှ ဝန်ဆောင်မှုပေးသည့်လုပ်ငန်းသို့ ပြောင်းလဲခြင်းကြောင့် ယခုနှစ်အတွင်း ပို့ကုန်ကဏ္ဍမြင့်မားရာမှ လာမည့်နှစ်တွင် အသင့်အတင့်သို့ ရောက်ရှိသွားမည်သွားနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly