မန္တလေး MPT ရုံးရှိ စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ

မန္တလေး MPT ရုံးရှိ စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ

နိုဝင်ဘာ ၂၉

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ မင်းကြီးရန်နောင်လမ်း၊ အင်းခရုဘုရား အနီးရှိ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (MPT) ရုံးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရကြောင်း ဒေသခံများထံက သိရသည်။

ယနေ့ နိုဝင်ဘာလ ၂၉ ရက် နံနက် ၇ နာရီ မိနစ် ၃၀ ဝန်းကျင်တွင် ဗုံးပေါက်ကွဲသံများ ကြားရပြီး သေနတ် ပစ်သံများပါ ဆက်တိုက် ကြားရကြောင်း ဒေသခံများက ပြောသည်။

"အပြန်အလှန် ပစ်တဲ့ပုံပဲ။ အချက်ရေလည်း များတယ်။ စစ်ကောင်စီတပ်သား လေးယောက် သေတယ်လို့ ကြားတယ်" ဟု အနီး ပတ်ဝန်းကျင်၌ နေထိုင်သူ တစ်ဦးက ပြောသည်။

အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ မဇ္ဇျိမ သတင်းဌာနက သီးခြား အတည်ပြုချက် မရရှိသေးပေ။

ထို့အပြင် မန္တလေးမြို့တွင် ယနေ့ နံနက် ၈ နာရီကျော်မှ စ၍ ပေါက်ကွဲသံများ ကျယ်လောင်စွာ ကြားနေရပြီး ရရှိထားသော သတင်းအချို့နှင့် ဓာတ်ပုံများအရ ပုသိမ်ကြီးမြို့နယ် ခမရ (၁၁၉) လက်နက်တိုက်မှ လက်နက်ကြီးများ စမ်းသပ်နေသည်ဟု ယူဆရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly