မုံရွာအောင်ရှင်၏ ရေကြည်အိုင် စစ်ကြောရေးစခန်း ဖြတ်သန်းမှုများအကြောင်း ၎င်းနှင့် ဆုံခဲ့သူ ဦးနေသန်မောင် ပြောကြားချက်

မုံရွာအောင်ရှင်၏ ရေကြည်အိုင် စစ်ကြောရေးစခန်း ဖြတ်သန်းမှုများအကြောင်း ၎င်းနှင့် ဆုံခဲ့သူ ဦးနေသန်မောင် ပြောကြားချက်

နိုဝင်ဘာလ ၂၈ ရက်

မဇ္ဈိမ

“ဆရာမုံရွာအောင်ရှင်က ကျွန်တော့်ကို ရင်ဖွင့်တာရှိတယ်။ ကိုနေသန်မောင်ရေ ဟိုဘက်ကို ရောက်လာတဲ့ VIP လူကြီးကြောင့်တဲ့။ စစ်တပ်က ဆရာဝန် သုံး၊ လေးယောက်လောက် လွှတ်ပြီးတော့ အဲလူကို ဆေးကုတယ်တဲ့။ အဲလူကို ဆေးကုဖို့ရောက်လာတဲ့အတွက် ကျွန်တော်ကပါ ကြားကနေ အချောင်ဆေးကုခွင့်လေး ရတယ်တဲ့။ အဲဒါလေးကိုပဲ ဝမ်းသာနေရတာတဲ့။ VIP တွေ အပြင် ထွက်သွားတော့ရင် သူ့မှာ ဆေးကုသခွင့် မရတော့ဘူး” ဟု ရေကြည်အိုင် စစ်ကြောရေး စခန်း၌ မုံရွာအောင်ရှင်ကြုံခဲ့ရသည့် အခြေအနေကို အတူဆုံခဲ့ရသည့် ဦးနေသန်မောင်က ပြောပြသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုပြန်ကြားရေးအဖွဲ့ တာဝန်ခံဖြစ်သူ ကဗျာဆရာ မုံရွာအောင်ရှင်သည် ယနေ့ နိုဝင်ဘာ ၂၈ ရက် နံနက် ၆ နာရီ မိနစ် ၃၀ ခန့်တွင် ကွယ်လွန် သွားခဲ့သည်။

အသက် ၇၆ နှစ် အရွယ် မုံရွာအောင်ရှင်သည် အာဏာသိမ်းစစ်တပ်၏ နာမည်ဆိုးဖြင့် ကျော်ကြားသော ရေကြည်အိုင် စစ်ကြောရေး စခန်းမှ လွတ်မြောက်လာပြီး ရက်ပေါင်း ၄၀ အကြာတွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားခြင်း ဖြစ်သည်။

ရေကြည်အိုင် စစ်ကြောရေး စခန်း၏ ငါးလုံးတန်း အိမ်ဝင်းအတွင်း မုံရွာအောင်ရှင်နှင့် တစ်အိမ်တည်း အတူ နေခဲ့ရသော ကမာရွတ် မီဒီယာ တည်ထောင်သူ ဦးနေသန်မောင်ကို မုံရွာအောင်ရှင်၏ စစ်ကြောရေး ဖြတ်သန်းမှုများအကြောင်း မဇ္ဈိမသတင်းထောက် နောင်နောင်က ဆက်သွယ် မေးမြန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required