အိန္ဒိယ စစ်တပ်က ဂျမူးနှင့် ကက်ရှ်မီးယားတွင် ကလေးများအတွက် အပြေးပြိုင်ပွဲ ကျင်းပ

အိန္ဒိယ စစ်တပ်က ဂျမူးနှင့် ကက်ရှ်မီးယားတွင် ကလေးများအတွက် အပြေးပြိုင်ပွဲ ကျင်းပ

အိန္ဒိယစစ်တပ်က ဂျမူးနှင့် ကက်ရှ်မီးယားဒေသရှိ စူလတန်ပူရ် ကန်ဒီ စစ်စခန်းတွင် လူငယ်များနှင့် ကလေးများအတွက် အားကစားလေ့ကျင့်မှု အလေ့အထနှင့် ကျန်းမာရေးလိုက်စားနိုင်ရန် အားပေးမှုအဖြစ် ပျော်ပွဲရွှင်ပွဲအဖြစ် အပြေးပြိုင်ပွဲတစ်ခုကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲသည် ထွန်းသစ်စ အပြေးသမားများအတွက် ၎င်းတို့၏ အရည်အချင်းကို ဖော်ထုတ်ပြသခွင့်ရခဲ့ပြီး ယောက်ျားလေးနှင့် မိန်းကလေးခွဲကာ အသက် ၁၂ မှ ၁၆ နှစ်နှင့် အသက် ၁၇ နှစ်နှင့်အထက်ဟူ၍ စုစုပေါင်း ၆၀ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ပါဝင်ယှဉ်ပြိုင်သူများက ပြိုင်ပွဲကို နှစ်ခြိုက်ခဲ့ကြပြီး ညီညွတ်မှု၊ အုပ်စုဖွဲ့ ဆောင်ရွက်မှုနှင့် ကြံ့ခိုင်သန်စွမ်းရေးအတွက် စိတ်အား ထက်သန်မှုတို့ကို ပြသခဲ့ကြကြောင်း အိန္ဒိယစစ်တပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး အနိုင်ရသူများနှင့် ပါဝင်ယှဉ်ပြိုင်သူများကို ဆုများ ချီးမြှင့်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly