ကွန်ဂိုနိုင်ငံ ရွှေတွင်းတိုက်ခိုက်ခံရမှုအတွင်း တရုတ်နိုင်ငံသား ၈ ဦး ပြန်ပေးဆွဲခံရ

ကွန်ဂိုနိုင်ငံ ရွှေတွင်းတိုက်ခိုက်ခံရမှုအတွင်း တရုတ်နိုင်ငံသား ၈ ဦး ပြန်ပေးဆွဲခံရ

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) တောင်ပိုင်းကိဗုပြည်နယ်၌ နိုဝင်ဘာ ၂၁ ရက်က ဖြစ်ပွားခဲ့သော ရွှေတွင်းတိုက်ခိုက်မှုအတွင်း တရုတ် နိုင်ငံသား ၈ ဦး ပြန်ပေးဆွဲခံခဲ့ရကာ စစ်သား ၁ ဦး ကျဆုံးခဲ့ကြောင်း ကွန်ဂိုမီဒီယာက ဖော်ပြသည်။

အဆိုပါရွှေတွင်းသည် မူကဲရာဒေသရှိ တရုတ်ကုမ္ပဏီ Bayond Mining မှ ပိုင်ဆိုင်သည်။ နံနက်ပိုင်းတွင် အမည်မသိသူများမှ လာရောက်တိုက်ခိုက်သွားကြောင်း Sputnik သတင်းဌာနက ဖော်ပြခဲ့သည်။

“တရုတ်လုပ်ငန်းခွင်မှာ ပစ်ခတ်မှုတွေ အများကြီးဖြစ်ခဲ့ပါတယ်။ စစ်တပ်က ပြန်ပစ်ပေမယ့် ကံမကောင်းစွာနဲ့ အဲဒီထဲက ၁ ဦး သေဆုံးပြီး နောက် ၁ ဦးက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေပြီးတော့ ပြစ်မှုကျူးလွန်သူတွေက တရုတ်နိုင်ငံသား ၈ ဦးကို ပြန်ပေးဆွဲသွားတယ်လို့ သိရပါတယ်” မူကဲရာ အရပ်ဘက်အဖွဲ့အစည်း အကြီးအကဲ ခရစ္စတိုဖီဘိုနန်နီး က Actualite သတင်းဌာနသို့ ပြောကြားခဲ့သည်။

ဖီဇီနယ်မြေ အုပ်ချုပ်ရေးမှူး ကာဝါယာအိုင်မီက နောက်ထပ် စစ်သား ၂ ဦး ပြန်ပေးဆွဲခံရကြောင်း မီဒီယာကို ပြောကြားခဲ့သည်ဟု Sputnik သတင်းဌာနက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly