Covaxin သို့မဟုတ် Covishield ကာကွယ်ဆေးထိုးပြီးသား အိန္ဒိယနို်ငငံသားများကို သီးခြားစောင့်ကြည့်နေထိုင်ရန်မလိုဘဲ တူရကီက လာရောက်ခွင့်ပြု

Covaxin သို့မဟုတ် Covishield ကာကွယ်ဆေးထိုးပြီးသား အိန္ဒိယနို်ငငံသားများကို သီးခြားစောင့်ကြည့်နေထိုင်ရန်မလိုဘဲ တူရကီက လာရောက်ခွင့်ပြု

တူရကီအစိုးရက နိုဝင်ဘာ ၁၅ ရက်တွင် အသစ်ပြန်လည် ထုတ်ပြန်လိုက်သည့် ကိုဗစ်-၁၉ ဆိုင်ရာ စည်းမျဉ်းသစ်များအရ အိန္ဒိယနှင့် နီပေါနိုင်ငံတို့မှ ခရီးသွားများအနေဖြင့် Covishield သို့မဟုတ် Covaxin ကာကွယ်ဆေးများကို ထိုးထားပြီးပါက တူရကီနိုင်ငံသို့ ရောက်ရှိချိန်တွင် သီးခြားစောင့်ကြည့်နေထိုင်ရန် မလိုအပ်တော့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံရှိ တူရကီသံရုံး၏ ထုတ်ပြန်ချက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သို့မဟုတ် တူရကီအစိုးရက အတည်ပြုထားသည့် ကာကွယ်ဆေးကို ၂ ကြိမ်ထိုးထားပြီး ဖြစ်ပါက တူရကီသို့ ရောက်ရှိချိန်တွင် သီးခြားစောင့်ကြည့်အစီအစဉ်ဖြင့် နေထိုင်ရန်မလိုအပ်တော့ဟု ဖော်ပြထားသည်။

တူရကီအစိုးရက လက်ခံအအတည်ပြုထားသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး ၉ မျိုးတွင် အိန္ဒိယနိုင်ငံထုတ် Covaxin နှင့် Covishield တို့ပါဝင်သည်။ အခြားအတည်ပြုထားသည့် ကာကွယ်ဆေးများမှာ Moderna Pfizer၊ BioNtech၊ Johnson & Johnson၊ AstraZeneca၊ Sinopharm၊ Sinovac နှင့် Sputnik တို့ဖြစ်သည်။

တူရကီအစိုးရ၏ လမ်းညွှန်ချက်အသေးစိတ်တွင် ခရီးသည်အားလုံးသည် နိုင်ငံတွင်းသို့ မလာရောက်မီ ၇၂ နာရီ အတွင်း ကိုဗစ်ကင်းရှင်းကြောင်း PCR စစ်ဆေးထားရမည်။ ၁၄ ရက်အတွင်း အသိအမှတ်ပြု ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးကြောင်း လက်မှတ်ပြနိုင်ပါက သီးခြားစောင့်ကြည့် နေထိုင်ရန် မလိုအပ်ပေ။ အဆိုပါ လက်မှတ်ကို မပြနိုင်ပါက ၎င်းတို့၏ နေအိမ်ဖြစ်စေ၊ မိမိတို့ နေထိုင်မည်ဟု ကြေညာထားသည့် နေရာ၌ဖြစ်စေ သီးခြားစောင့်ကြည့်သည့် အစီအစဉ်ဖြင့်နေထိုင်ကာ ၁၀ ရက်မြောက်နေ့တွင် PCR စစ်ဆေး၍ ရောဂါမရှိပါက လွတ်လပ်စွာ သွားလာနိုင်ပြီး ရောဂါတွေ့ရှိပါက ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ နေထိုင်ရမည်ဆိုသည့် အချက်များ ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly