တရုတ်က ဗိုင်းရပ်စ်ကူးစက်ပြန့်နှံ့မှုအတွက် အအေးခန်းတွင် သိုလှောင်ထားသည့် အစားအစာများအပေါ် အပြစ်ပုံချ

တရုတ်က ဗိုင်းရပ်စ်ကူးစက်ပြန့်နှံ့မှုအတွက် အအေးခန်းတွင် သိုလှောင်ထားသည့် အစားအစာများအပေါ် အပြစ်ပုံချ

တရုတ်နိုင်ငံ၏ နောက်ဆုံး ကိုဗစ်-၁၉ ကူးစက်မှုအဖြစ်အများဆုံး နေရာဖြစ်လာသည့် အဓိက ဆိပ်ကမ်းမြို့ ဖြစ်သည့် သလျန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကို တရုတ်က အအေးခန်းတွင် သိုလှောင်ထားသည့် အစားအစာများကြောင့် ဆိုကာ အာဏာပိုင်များက သွင်းကုန်များစိစစ်မှုကို အရှိန်မြှင့် လုပ်ဆောင်နေသည်။

နိုင်ငံအရှေ့မြောက်ပိုင်းတွင် လက်ရှိဖြစ်ပွားနေသော ဗိုင်းရပ်စ်လှိုင်းအတွင်း အများဆုံးကူးစက်မှုကို ရင်ဆိုင်နေရပြီး တက္ကသိုလ်ကျောင်းသား ထောင်ပေါင်းများစွာသည် အသွားအလာ ပိတ်ဆို့ကန့်သတ်ခံထားရသည်။

ပထမဆုံးတွေ့ရှိသည့်လူနာမှာ အအေးခန်းစက်ရုံနှင့် ဆက်စပ်နေပြီး အအေးခန်းစက်ရုံများမှ ဝန်ထမ်းများတွင် ရောဂါကူးစက်မှုများစွာကို အစီရင်ခံတင်ပြခဲ့ကြောင်း ပြည်တွင်းမီဒီယာများက ပြောကြားခဲ့ပြီး ယင်းသည် သလျန်မြို့တွင် တတိယမြောက် အအေးခန်းစက်ရုံနှင့် ဆက်စပ်သော ရောဂါဖြစ်ပွားမှုဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

သလျန်မြို့သည် အရေးကြီးသော အအေးခန်းသိုလှောင်မှုနှင့် သယ်ယူပို့ဆောင်ရေးအခြေစိုက်စခန်းဖြစ်ပြီး တရုတ်နိုင်ငံ စုစုပေါင်းတင်သွင်းသည့် အအေးခန်းထုတ်ကုန်များ၏ ၇၀ ရာခိုင်နှုန်းခန့်ကို ကိုင်တွယ် ဆောင်ရွက်လျက်ရှိသည်။

သလျန်မြို့၏ ယခုနောက်ဆုံးကူးစက်မှုအတွင်း ပထမဆုံးသောရောဂါလက္ခဏာရှိသူ လူနာများကို နိုဝင်ဘာ ၄ ရက်တွင် စတင်တွေ့ရှိခဲ့ပြီးကတည်းက လူဦးရေ ၇ ဒသမ ၅ သန်းရှိသော မြို့တွင် နေ့စဉ် အသစ်ကူးစက်ခံရသူ ၂၄ ဦးခန့်တွေ့ရှိရခြင်းက အခြားမြို့များထက် ပိုများကြောင်း Reuters ၏ တွက်ချက်မှုအရ သိရသည်။

မကြာသေးမီရက်များအတွင်း နိုင်ငံတစ်ဝန်းလုံးရှိ မြို့များသည် သလျန်မြို့မှ လာသည့် အအေးခန်းသိုလှောင်မှု အစားအစာများနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုကို အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။

ဈေးဝယ်စင်တာများနှင့် စားသောက်ကုန်ကုမ္ပဏီများအား အရောင်းရပ်ဆိုင်းရန်နှင့် အဆိုပါထုတ်ကုန်များအပေါ် nucleic acid စမ်းသပ်မှုများကို ချက်ချင်းလုပ်ဆောင်ရန် တောင်းဆိုခဲ့သည်ဟု Global Times မှ ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly