ခေတ်ပေါ် ပညာရပ်များ တိုးတက်စေရေးတွင် အမေရိကန်သည် အိန္ဒိယ၏ မဟာမိတ်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ပြောကြား

ခေတ်ပေါ် ပညာရပ်များ တိုးတက်စေရေးတွင် အမေရိကန်သည် အိန္ဒိယ၏ မဟာမိတ်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ပြောကြား

ခေတ်ပေါ်နည်းပညာတိုးတက်ရေး ပူးပေါင်းဆောင်ဆောင်ရွက်မှုများတွင် အမေရိကန်နိုင်ငံသည် မိမိတို့၏ မဟာမိတ်နိုင်ငံဖြစ်ကြောင်း အိန္ဒိယအစိုးရ ပညာရေးနှင့် အရည်အသွေး တိုးတက်ရေးဆို်ငရာ ပြည်ထောင်စုဝန်ကြီး ဓမင်ဒရာပရာဓန်က ပြောကြားသည်။

နိုဝင်ဘာ ၁၇ ရက်က ကျင်းပခဲ့သည့် ‘အိန္ဒိယ-အမေရိကန် ပညာရေးမိတ်ဖက် တိုးတက်ရေး’ အွန်လိုင်း ဆွေးနွေးပွဲတွင် ဝန်ကြီးက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ပညာရေးကဏ္ဍမှာ အိန္ဒိယနဲ့ အမေရိကန်တို့အကြား ခိုင်မာတဲ့ ဆက်ဆံရေးတွေ ရှိပါတယ်။ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းစေရေးနဲ့ ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တည်ဆောက်ရေးတို့အတွက် အလားအလာကောင်းတွေ အများကြီး ရှိနေပါတယ်။ အထူးသဖြင့်

စက်မှုလုပ်ငန်း၊ ပညာရပ်နဲ့ နှစ်နိုင်ငံစလုံးက မူဝါဒချမှတ်သူတွေအကြားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

အမျိုးသား ပညာရေးလုပ်ငန်းစဉ် ၂၀၂၀ သည် အိန္ဒိယနှင့် အမေရိကန်တို့အကြား သုတေသနလုပ်ငန်း၊ ကျောင်းသားများနှင့် ဆရာများအကြား အပြန်အလှန်စေလွှတ်ရေး၊ ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးစသည့် နယ်ပယ်အသီးသီးတွင် နှစ်ဖက်အကျိုးရှိစွာ ပူးပေါင်းဆောင်ရွက်မှုကို ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် လမ်းကြောင်းသစ်များဖြစ်ကြောင်းလည်း ဝန်ကြီးက ပြောကြားသည်။

အမေရိကန်မှ တက္ကသိုလ်များက အိန္ဒိယနိုင်ငံ၏ ပညာရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် စိတ်အားထက်သန်မှုနှင့် အပြုသဘောမြင်မှုများလည်း များစွာရှိနေကြောင်း ဝန်ကြီးက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly