ပေကျင်းအိုလံပစ်ပွဲတော်ကို သံတမန်နည်းအရ သပိတ်မှောက်ရန် အမေရိကန်က စဉ်းစားနေ

ပေကျင်းအိုလံပစ်ပွဲတော်ကို သံတမန်နည်းအရ သပိတ်မှောက်ရန် အမေရိကန်က စဉ်းစားနေ

လာမည့် ပေကျင်းဆောင်းရာသီ အိုလံပစ် အားကစားပြိုင်ပွဲကို မည်သို့ချဉ်းကပ်ရမည်ကို ချိန်ဆကာ သံတမန် ရေးအရ သပိတ်မှောက်ရန်ဖြစ်နိုင်ခြေကို အမေရိကန် အစိုးရက စဉ်းစားနေသော်လည်း ယခုအချိန်အထိ အပြီးသတ် မဆုံးဖြတ်နိုင်သေးကြောင်း အဆိုပါ ကိစ္စနှင့် နီးစပ်သည့် အရာရှိများကို ကိုးကား၍ CNN သတင်းဌာနက ဖော်ပြခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် အားကစားပွဲတော်သို့ အမေရိကန်အရာရှိများကို မစေလွှတ်ရန် အကြံပြုချက်တစ်ရပ်ကို မကြာမီ အတည်ပြုနိုင်ဖွယ်ရှိကြောင်း The Washington Post သတင်းတွင် နိုဝင်ဘာ ၁၆ရက် ဖော်ပြခဲ့သည်။

အမေရိကန်အစိုးရသည် အိုလံပစ်ပွဲတော် ဖွင့်ပွဲနှင့် ပိတ်ပွဲများသို့ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ စေလွှတ်လေ့ရှိသည်။

အမေရိကန်သမ္မတနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ မကြာသေးမီက တွေ့ဆုံမှုအတွင်း အဆိုပါ ပြဿနာကို ဆွေးနွေးခဲ့ခြင်း မရှိပေ။

သံတမန်ရေးအရ သပိတ်မှောက်ရန် တောင်းဆိုမှုကို အမေရိကန်ရှိ ထိပ်တန်း အမေရိကန် လွှတ်တော် အမတ် များက ထောက်ခံထားသည်။ အောက်လွှတ်တော်ဥက္ကဌ နန်စီပေလိုစီက တရုတ်နိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆန့်ကျင်ကန့်ကွက်သည့် လုပ်ရပ်ကို သပိတ်မှောက်ရန် တောင်းဆိုခဲ့သည်။

"ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ကျွန်တော့်မှာ ထပ်ပြောစရာ မရှိပါဘူး" ဟု လက်ထောက် အတွင်းဝန် အင်ဒရူးဘိစ်ကို ကိုးကားပြီး CNN မှ ဖော်ပြခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်းကင်က နိုဝင်ဘာလ အစောပိုင်းတွင် ဝါရှင်တန်နှင့် ယင်း၏ မဟာမိတ်များသည် ပေကျင်း အိုလံပစ်ပွဲတော်ကို ချဉ်းကပ်ပုံနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ချိန်တွင် ယခုသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly