အာဖဂန်နစ္စတန်အရေးအတွက် ၈ နိုင်ငံ တွေ့ဆုံခဲ့သည့် အိန္ဒိယနိုင်ငံအစည်းအဝေးကို ကြိုဆိုကြောင်း တာလီဘန် တို့ ထုတ်ပြန်

By NDTV
20 November 2021
အာဖဂန်နစ္စတန်အရေးအတွက် ၈ နိုင်ငံ တွေ့ဆုံခဲ့သည့် အိန္ဒိယနိုင်ငံအစည်းအဝေးကို ကြိုဆိုကြောင်း တာလီဘန် တို့ ထုတ်ပြန်

အိန္ဒိယအစိုးရက စီစဉ်ကျင်းပခဲ့သည့် ‘အာဖဂန်နစ္စတန်ဆိုင်ရာ ဒေလီ ဒေသဆိုင်ရာ လုံခြုံရေး ဆွေးနွေးပွဲ’ ကို ကြိုဆိုကြောင်း တာလီဘန်တို့က နိုဝင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်လိုက်ပြီး အာဖဂန်နိုင်ငံကို အသုံးပြုကာ အခြားနိုင်ငံများအား တိုက်ခိုက်မည်ကို မစိုးရိမ်ကြရန် ပြောကြားလိုက်သည်။

ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် တောင်းဆိုထားသည့် အချက်များကို တာလီဘန်တို့က လုပ်ဆောင်ထားပြီး ဖြစ်ကြောင်းလည်း ကြေညာထားသည်ဟု TOLOnews သတင်းတွင် ဖော်ပြထားသည်။

“အစ္စလာမစ် စော်ဘွားများနိုင်ငံ (တာလီဘန်) က အိန္ဒိယမှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးကို ကြိုဆိုပါတယ်။ အုပ်ချုပ်ရေးပိုင်းကို ခိုင်မာအောင် လုပ်ဆောင်နေတာကြောင့် အာဖဂန်နစ္စတန်ကို အသုံးပြုပြီး အခြားနို်ငငံတွေကို တိုက်ခိုက်မှာ မစိုးရိမ်ကြပါနဲ့ “ ဟု တာလီဘန်အစိုးရ နို်ငငံခြားရေးဝန်ကြီးဌာန၏ ဒုတိယပြောခွင့်ရပုဂ္ဂိုလ် အီနာမူလာဆာမန်ဂါနီ၏ ပြောကြားချက်ကို TOLOnews တွင် ဖော်ပြခဲ့သည်။

အိန္ဒိယအပါအဝင် နိုင်ငံပေါင်း ၈ နိုင်ငံမှ နိုင်ငံတော် လုံခြုံရေးအကြံပေးဖွဲ့ (NSA) များ ခေါ် နို်ငငံတော် လုံခြုံရေးကောင်စီခေါင်းဆောင်များသည် အဆိုပါ ဆွေးနွေးပွဲတွင် ပါဝင်ခဲ့ကြပြီး အိန္ဒိယ NSA အကြီးအကဲ အာဂျစ်ဒိုဗယ်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။

“ကမ္ဘာ့နိုင်ငံတွေက သူတို့ ဖြစ်စေချင်တာတွေကို ဆွေးနွေးပြီး တာလီဘန်တွေကို ပြောပါတယ်။ ဒီဆွေးနွေးပွဲတွေက အာဖဂန်နစ္စတန်အတွက် ရလဒ်ကောင်းတွေ ဖြစ်ပေါ်စေပါတယ်” ဟု နို်ငငံရေး လေ့လာသုံးသပ်သူ ဆာယိဒ် ဟာရွန်ဟက်ရှီမီ၏ ပြောကြားချက်ကို သတင်းဌာနက ဖော်ပြခဲ့သည်။

“အိန္ဒိယဟာ အာဖဂန်နစ္စတန်ကို အကူအညီပေးနေတဲ့ နို်ငငံ ၁ နိုင်ငံ ဖြစ်တာကြောင့် ဒီအစည်းအဝေးဟာ အာဖဂန်နစ္စတန်အတွက် ထိရောက်ပါတယ်။ အာဖဂန်နစ္စတန်ကို ကူညီဖို့လည်း စိတ်ဝင်စားလာကြပါတယ်” ဟု နိုင်ငံတကာ လေ့လာရေး သုံးသပ်သူ ဆာယိဒ် ဟာကင်ကာမယ်၏ ပြောကြားချက်ကို TOLOnews တွင် ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly