ကိုဗစ်-၁၉ ကြောင့် အသွားအလာကန့်သတ်မှုများ မကြာခဏ လုပ်ဆောင်ခြင်းသည် တရုတ်၏ ပြည်တွင်းစီးပွားရေးများကို ဆိုးရွားစွာ ထိခိုက်

ကိုဗစ်-၁၉ ကြောင့် အသွားအလာကန့်သတ်မှုများ မကြာခဏ လုပ်ဆောင်ခြင်းသည် တရုတ်၏ ပြည်တွင်းစီးပွားရေးများကို ဆိုးရွားစွာ ထိခိုက်

တရုတ်သည် ကိုဗစ်-၁၉ ထိန်းချုပ်ရေးကို တင်းကျပ်စွာ အကောင်အထည်ဖော်နေသော်လည်း နိုငံအတွင်း လတ်တလော၌ ကိုရိုနာဗိုင်းရပ်ကူးစက်မှု မြင့်တက်လာခဲ့ပြီး ဒေသခံလုပ်ငန်းများကို ဆိုးရွားစွာ အဟန့်အတားဖြစ်စေလျက်ရှိသည်။

အသွားအလာတားမြစ်ခြင်းနှင့် ကန့်သတ်ခြင်းများက ပြည်နယ်၏ ဒေသတွင်းစီးပွားရေးနှင့် အမျိုးသားစီးပွားရေးအပေါ် ရေရှည် အကျိုးသက်ရောက်မှုရှိမည်ကို တရုတ်အာဏာပိုင်များက စိုးရိမ်နေကြသည်ဟု International Forum for Right and Security (IFFRAS) မှ အစီရင်ခံစာက ဖော်ပြသည်။

အနောက်တောင်ပိုင်းနယ်စပ်မြို့ဖြစ်သည့် ရွှေလီ ကဲ့သို့သောနေရာများတွင် လွန်ခဲ့သည့် ၇ လအတွင်း အသွားအလာဖြတ်တောက်မှု ၄ ကြိမ်ချမှတ်ခဲ့ကာ ရောဂါဖြစ်ပွားမှုအရေအတွက်အပေါ် အနည်းငယ်မျှ သက်ရောက်မှုမရှိခဲ့ပေ။

ရွှေလီမြို့တော်ဝန်ဟောင်း တိုင်ရောင်ကျီ၏အဆိုအရ အချိန်ကြာမြင့်သော အသွားအလာဖြတ်တောက်မှု များသည် ရွှေလီ၏ ဒေသခံစီးပွားရေးအပေါ် အန္တရာယ်ရှိသောသက်ရောက်မှုဖြစ်စေကာ ရွှေလီအား လိပ်ခဲတည်းလည်းအခြေအနေဖြစ်စေသည်ဟု ဆိုသည်။

ဟေလုံကျန်း၊ ဟယ်ဘေးနှင့် ယူနန်ပြည်နယ်ကဲ့သို့သော နယ်စပ်ပြည်နယ်နေထိုင်သူများသည် ပြဿနာကို ဖြေရှင်းရန်အစွမ်းကုန် လုပ်ဆောင်ကြသည်။ ရွှေလီလူဦးရေ၏ ၉၇ ရာခိုင်နှုန်းကျော်ကို ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် ကာကွယ်ဆေးထိုးနှံခဲ့သည်။

အဆိုပါမြို့များသည် နယ်စပ်ကုန်သွယ်ရေးအပေါ် များစွာ မှီခိုနေရသောကြောင့် မကြာခဏ အသွားအလာဖြတ်တောက်ခြင်းနှင့် ကန့်သတ်ချက်ခြင်းများသည် ၎င်းတို့ပြည်သူများ၏ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို ထိန်းထားနိုင်သော်လည်း ငွေကြေးဆိုင်ရာ အကျပ်အတည်းသည် တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာသည်ဟု IFFRAS က ဖော်ပြသည်။

တရုတ်ပြည်မကြီးတွင် ၃ ပတ်တာကာလအတွင်း ပြည်နယ်ပေါင်း ၃၁ ခုအနက် ၂၀ ကျော်တွင် ရောဂါကူးစက်မှုပေါင်း ၈၀၀ ကျော် တွေ့ရှိခဲ့သည်။

၂၀၁၉-၂၀၂၀ ခုနှစ်၌ ဝူဟန်တွင် ကမ္ဘာ့အစောဆုံး ကိုဗစ်ရောဂါ ကူးစ်မှု ဖြစ်ပွားပြီးနောက် ယခု အကြိမ်သည် ရောဂါကူးစက်နေသောပြည်နယ်များတွင် အကြီးမားဆုံးဖြစ်ပွားမှုဖြစ်ကြောင်း IFFRAS က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly