လျှပ်စစ်ဓာတ်အားခ ပိုမိုကုန်ကျနိုင်သည့်အပေါ် အသင့်ပြင်ထားရန် ဟောင်ကောင် ဒေသခံများကို သတိပေး

လျှပ်စစ်ဓာတ်အားခ ပိုမိုကုန်ကျနိုင်သည့်အပေါ် အသင့်ပြင်ထားရန် ဟောင်ကောင် ဒေသခံများကို သတိပေး

ဟောင်ကောင်သည် ၂၀၅၀ ပြည့်နှစ်တွင် ကာဗွန်ဟန်ချက်ညီရေးသို့ သွားမည်ဖြစ်ခြင်းကြောင့် ဟောင်ကောင်၏ လျှပ်စစ်ဓာတ်အားပေးရေး ကုမ္ပဏီ ၂ ခုသည် လျှပ်စစ်ဓာတ်အား ဈေးနှုန်းကို မြှင့်တင်ရန် ကြီးမားသော ဖိအား ပေးခံနေရဖြစ်ပြီး ဒေသခံများအနေဖြင့် အနာဂတ်တွင် လျှပ်စစ်ဓာတ်အားဈေးနှုန်းများ ဆယ်ဂဏန်း တိုးလာနိုင်ကြောင်း လေ့လာသူများက သတိပေးထားသည်။

သို့သော် ၂၀၂၂ခုနှစ်တွင် ကိုယ်ပိုင် ကမ်းလွန်သဘာဝဓာတ်ငွေ့ရည်ဆိပ်ကမ်းပြီးစီးပါက ဟောင်ကောင်သည် တရုတ် ပြည်မကြီးကိုသာ အားကိုးရမည့်အစား ရင်းမြစ်များအတွက် ပိုမိုကျယ်ပြန့်ချိတ်ဆက်မှုများရရှိလာမည်ဟု ကျွမ်းကျင်သူတစ်ဦးက နိုဝင်ဘာ ၁၀ရက်တွင် ပြောကြားခဲ့သည်။

CLP Power နှင့် HK Electric က နိုဝင်ဘာ ၉ ရက်က ဇန်နဝါရီ ၁ ရက်နောက်ပိုင်း အများဆုံး ၇ ရာခိုင်နှုန်းအထိ လျှပ်စစ်မီတာခများ တိုးကောက်လိုက်ခြင်းသည် လုပ်ငန်းလေ့လာသူအချို့ကို အံ့အားသင့်စေခဲ့သည်။

ကမ္ဘာတစ်ဝန်းတွင် ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့ဈေးနှုန်းများ မြင့်မားလာခြင်းကြောင့် နိုင်ငံအများ အပြားတွင် ဓာတ်အားပေးဈေးနှုန်းများ မြင့်တက်လာခဲ့ပြီး အချို့မြို့ကြီးများတွင် ၂၀ ရာခိုင်နှုန်းအထိ တိုးလာခဲ့ကြောင်း သဘာဝပတ်ဝန်းကျင်ဝန်ကြီး ဝမ်ခန်ရှင်းက ပြောကြားခဲ့သည်။

CLP Power သုံးစွဲသူများအတွက် ၅ ဒသမ ၈ ရာခိုင်နှုန်းနှင့် HK Electric အသုံးပြုသူများအတွက် ၇ ရာခိုင်နှုန်း အထိ ဈေးနှုန်းတက်လိုက်ခြင်းကြောင့် ယခုအချိန်တွင် အဆိုပါ ဟောင်ကောင်တွင်နေထိုင်သူများနှင့် စီးပွားရေး လုပ်ငန်းများသည် အပိုငွေများထပ်မံကုန်ကျသည့်

ဒဏ်ကို ခံစားနေရသော်လည်း ဓာတ်အားခ ဈေးနှုန်းများ ပိုမို မြင့်တက်ခြင်းများ ရှိလာနိုင်သည်ဟု ကျွမ်းကျင်သူများက သတိပေးနေသည်။

“လာမယ့်နှစ်အနည်းငယ်အတွက် ဈေးနှုန်းက သေချာပေါက် တက်လာမှာဖြစ်ပေမယ့် ဆယ်ဂဏန်းလောက်ထိ မြင့်တက်မှုကို အကောင်အထည်မဖော်ခင် စီးပွားရေး နည်းနည်းပြန်ကောင်းလာဖို့ စောင့်ဆိုင်းနေတာ ဖြစ်နိုင် ပါတယ်” ဟု စွမ်းအင်စီးပွားရေးပညာရှင်နှင့် စိမ်းလန်းသောကမ္ဘာ့အဖွဲ့အစည်း၏ အမှုဆောင်အရာရှိချုပ် ဝီလျံယုပင်းက ပြောကြားခဲ့သည်။

သန့်ရှင်းသောစွမ်းအင်လုပ်ငန်းပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုများနှင့် လောင်စာဆီဈေးနှုန်းများ ကြီးမြင့်မှုကြောင့် ကုမ္ပဏီများသည့် လုပ်ငန်းလည်ပတ်မှုကုန်ကျစရိတ် တိုးလာသဖြင့် ဝီလျံယုပင်းက နိုဝင်ဘာ ၉ရက် ကြေညာချက်မတိုင်မီ ဆယ်ဂဏန်းလောက်ထိ ဈေးနှုန်းတိုးလာမည်ဟု ခန့်မှန်းထားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly