ပါကစ္စတန် ကက်ရှ်မီးယားရှိ နယ်စပ်ကျေးရွာများကို တရုတ်တပ်များက စစ်တမ်းကောက်နေ

By Kashmir Observer
19 November 2021
ပါကစ္စတန် ကက်ရှ်မီးယားရှိ နယ်စပ်ကျေးရွာများကို တရုတ်တပ်များက စစ်တမ်းကောက်နေ

တရုတ်စစ်တပ်မှ တပ်ဖွဲ့ဝင်များသည် ပါကစ္စတန် ထိန်းချုပ်ထားသော ကက်ရှ်မီးယားရှိ နယ်စပ်စခန်းများနှင့် ကျေးရွာများကို စစ်တမ်းကောက်ယူမှုများ ပြုလုပ်နေပြီး ထိန်းချုပ်မျဉ်းတစ်လျှောက် ပါကစ္စတန် စစ်တပ်ယန္တရားအား အားကောင်းစေရန် လုပ်ဆောင်နေကြောင်းနှင့် စစ်တမ်း၏ နောက်ကွယ်မှ လှုပ်ရှားမှုများနှင့် ရည်ရွယ်ချက်များကို အိန္ဒိယစစ်တပ်က မျက်ခြေမပြတ်စောင့်ကြည့်နေကြောင်း သတင်းရင်းမြစ်များက ပြောကြားသည်။

လွန်ခဲ့သော တစ်လခန့်က ပါကစ္စတန်ထိန်းချုပ်ထားသော ကက်ရှ်မီးယားရှိ Kel၊ Jura နှင့် Leepaဧရိယာများသို့ တရုတ် စစ်တပ်မှ စစ်သား ၄၀ ကျော် ရောက်ရှိလာခဲ့သည်ဟု သတင်းရင်းမြစ်က ဆိုသည်။

ယင်းနေရာများသည် အိန္ဒိယပိုင် ဂျမူးနှင့် ကက်ရှ်မီးယားဒေသအတွင်းသို့ ပါကစ္စတန် စစ်သွေး ကြွများ ဝင်ရောက်လာသည့် နေရာများတွင် ပါဝင်သည်ဟု အိန္ဒိယလက်နက်ကိုင်တပ်ဖွဲ့များက ပြောကြားထား သည်။

တရုတ် စစ်တပ်မှ စစ်သား ၄၀ ကျော်သည် အဆိုပါဒေသများသို့ ၅ ဦး သို့မဟုတ် ၆ ဦးစီ အသုတ်ခွဲ၍ ရောက်ရှိလာကြပြီး ကျေးရွာအများအပြားသို့ သွားရောက်ကာ ကျေးရွာများကို စစ်တမ်း ကောက်ယူခြင်း၊ ပါကစ္စတန်စစ်တပ်စခန်းများနှင့် ကက်ရှ်မီးယားတောင်ကြားဒေသသို့ အကြမ်းဖက်သမားများ အသုံးပြုသည့် စိမ့်ဝင်လမ်းကြောင်းများကို စစ်တမ်း ကောက်ယူခဲ့ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

အဆိုပါအဖွဲ့နှင့် အတူ ပါကစ္စတန်စစ်တပ်မှ အမှုထမ်းများ၊ ထောက်လှမ်းရေး(ISI) အရာရှိများနှင့် စကားပြန်များ လိုက်ပါသွားခဲ့သည်။

ပါကစ္စတန်ထိန်းချုပ်ထားသော ကက်ရှ်မီးယားကျေးရွာများတွင် တရုတ်တပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုသည် ယင်းဒေသများတွင် အရပ်သားများနှင့် စစ်တပ်နှစ်ဘက်စလုံးမှ အသုံးပြုနိုင်သည့် ကျေးရွာများ ထူထောင်ခြင်းကို ဖော်ပြနေသည်ဟု သတင်းရင်းမြစ်က ဆိုသည်။

“အိန္ဒိယနှင့် နယ်နိမိတ် ထိန်းချုပ်ရေးမျဉ်းတစ်လျှောက် စံပြကျေးရွာများ တည်ဆောက်ရာတွင် တရုတ်က ပါကစ္စတန်ကို ကူညီနေသလား” ဟု အဆိုပါဒေသများသို့ လာရောက်လည်ပတ်သည့် တရုတ် PLA စစ်သားများ နှင့်ပတ်သက်၍ အကြီးတန်းအစိုးရအရာရှိတစ်ဦးက မေးခွန်းထုတ်ခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က တရုတ်နိုင်ငံ ပါဝင်သည့် စစ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကွန်ဂရက်လွှတ်တော်သို့ တင်သွင်းသည့် နှစ်ပတ်လည် အစီရင်ခံစာတွင် အမေရိကန် ကာကွယ်ရေးဌာနက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် အိန္ဒိယအရူနာချယ်ပရာဒေ့ရှ်အကြား အငြင်းပွားနယ်မြေအတွင်း အရပ်သား အိမ်ခြေ ၁၀ဝ ရှိသော ရွာတစ်ရွာ တရုတ်က တည်ထောင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required