ဆက်ဆံရေး ပြန်လည် တိုးတက်စေရန် သီရိလင်္ကာ ပါလီမန်က အိန္ဒိယနှင့် ချစ်ကြည်ရေးအုပ်စု ဖွဲ့စည်း

ဆက်ဆံရေး ပြန်လည် တိုးတက်စေရန် သီရိလင်္ကာ ပါလီမန်က အိန္ဒိယနှင့် ချစ်ကြည်ရေးအုပ်စု ဖွဲ့စည်း

အိန္ဒိယနှင့် သီရိလင်္ကာနိုင်ငံတို့အကြား ပါလီမန်ချစ်ကြည်ရေးအသင်းကို ဖွဲ့စည်းလိုက်ရာတွင် သီရိလင်္ကာ ဝန်ကြီးချာမယ်ရာဇပက်ဆာက ဥက္ကအဖြစ် တာဝန်ထမ်းဆောင်သည်။

အဆိုပါအသင်းသည် ယခင်က ရှိပြီးသားဖြစ်သော်လည်း ၂၀၂၀ ပြည့်နှစ် ဩဂုတ်လတွင် ရွေးချယ်တင်မြှောက်လိုက်သည့် လက်ရှိပါလီမန်အတွက် ပြန်လည်ဖွဲ့စည်းခြင်း ဖြစ်သည်။

ပါလီမန်အဆောက်အအုံဝန်းအတွင်းကျင်းပသည့် အသင်းဖွဲ့စည်းသည့် အခမ်းအနားတွင် သီရိလင်္ကာ နိုင်ငံခြားရေးဝန်ကြီး ဂျီအယ်လ် ပီရစ်က နှစ်နိုင်ငံအကြား နီးကပ်သည့် ဆက်ဆံရေးကို အလေးထားပြော ကြားကာ အိန္ဒိယက သီရိလင်္ကာသို့ ပေးခဲ့သည့် အမြင့်မြတ်ဆုံး လက်ဆောင်သည် ဗုဒ္ဓဘာသာဖြစ်ကြောင်း အသိအမှတ်ပြု ပြောကြားခဲ့သည်။

အိန္ဒိယကော်မရှင်နာမင်းကြီး ဂိုပါယ်ဘက်ဂလေက ယခုချစ်ကြည်ရေးအသင်းသည် နှစ်နို်ငငံအကြား ပါလီမန်အချင်းချင်း ဆက်ဆံရေးနှင့် နှစ်နိုင်ငံအကြား ဆက်ဆံရေးကို တိုးတက်စေနိုင်ကြောင်း ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly