ဆောမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ရဟတ်ယာဉ်များဖြင့် ပစ်ခတ်နေ

19 November 2021
ဆောမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ရဟတ်ယာဉ်များဖြင့် ပစ်ခတ်နေ

မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ် ကျင်းလိမ် နှင့် တောမ ရွာများ၌ စစ်ကောင်စီတပ်က ယနေ့ နိုဝင်ဘာ ၁၉ ရက်တွင် ထိုးစစ်ဆင်နေပြီး ဝေဟင်မှ ရဟတ်ယာဉ် နှစ်စီးဖြင့် ပစ်ကူ တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

မြေပြင်တွင် စစ်ကောင်စီတပ်များကို ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF) ၊ PDF- ဆော၊ CDF- မင်းတပ် နှင့် ကန်ပက်လက် ပူးပေါင်းအဖွဲ့များက ပြန်လည် ခုခံတိုက်ခိုက်နေပြီး တိုက်ပွဲ ပြင်းထန်လျက် ရှိသည်။

ဝေဟင်တွင် အသုံးပြုနေသည့် အဆိုပါ ရဟတ်ယာဉ် နှစ်စီးအတွက် ကျည်ဖြည့်ခြင်းကို ကျောက်ထု လေယာဉ်ကွင်းတွင် ပြုလုပ်နေသည်ဟု ဒေသခံ သတင်းရင်းမြစ် ထံမှသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly