တရုတ်အစိုးရလက်ထက် တိဗက်တွင် ယဉ်ကျေးမှုနှင့် ဘာသာရေး အန္တရာယ်ကျရောက်နေဟု အဝေးရောက် တိဗက်ပါလီမန် ဒုဥက္ကဋ္ဌ ပြောကြား

By ANI
19 November 2021
တရုတ်အစိုးရလက်ထက် တိဗက်တွင် ယဉ်ကျေးမှုနှင့် ဘာသာရေး အန္တရာယ်ကျရောက်နေဟု အဝေးရောက် တိဗက်ပါလီမန် ဒုဥက္ကဋ္ဌ ပြောကြား

ယဉ်ကျေးမှု၊ ဘာသာတရားနှင့် ဗုဒ္ဓဘာသာကို အခြေခံသည့် လူနေမှုပုံစံများသည် တရုတ်အစိုးရ လက်အောက်ရှိ တိဗက်တွင် အန္တရာယ်ကျရောက်နေကြောင်း အဝေးရောက် တိဗက်ပါလီမန် ဒုတိယဥက္ကဋ္ဌက ဒိုလ်မာဆာရင်က ပြောသည်။

တိဗက်ဘာသာရေးခေါင်းဆောင် ဒလိုင်လားမားက “သူတို့ဟာ မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေကို နားမလည်ကြဘူး” ဟု တရုတ်ခေါင်းဆောင်များအား နိုဝင်ဘာ ၁၀ ရက်က ပြစ်တင်ရှုတ်ချခဲ့ပြီးနောက် ပါလီမန်ဒုဥက္ကဋ္ဌ၏ ဝေဖန်ချက်ဆ်ကလက်ပေါ်ထွက်လာခြင်းဖြစ်သည်။

“တရုတ်တွေက သူတို့မှာ လူနည်းစုတိုင်းရင်းသားပေါင်း ၅၆ မျိုး ရှိတယ်လို့ ပြောပေမယ့် အဲဒီလူနည်းစုတွေရဲ့ ရိုးရာဓလေ့ထုံးတမ်းဆိုင်ရာ ရိုသေလေးမြတ်ထိုက်မှုတွေကို အလေးထားဖို့ အဆင်သင့် မဖြစ်သေးပါဘူး။ တိဗက်မှာ ယဉ်ကျေးမှု၊ ဘာသာရေးနဲ့ ဗုဒ္ဓဘာသာကိုအခြေခံတဲ့လူနေမှုဘဝတွေဟာ လောင်းကြေးထပ်နေရတယ်” ဟု ဒိုလ်မာဆာရင် က ANI သို့က နိုဝင်ဘာဘာ ၁၁ ရက်တွင်ပြောကြားခဲ့သည်။

“တရုတ်က အရာအားလုံးကို ကွန်မြူနစ်ပုံစံအဖြစ် ရောနှောသွားစေလိုတာပါ။ဗုဒ္ဓဘာသာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် အရာအားလုံးကို သူတို့ပုံစံပြောင်းချင်နေတာပါ” ဟု ဒိုလ်မာဆာရင်က ပြောသည်။

တိဗက်ဒေသလွတ်လပ်မှုနှင့်ပတ်သက်၍ ဒု-ဥက္ကဋ္ဌက “တိဗက်မှာ လွတ်လပ်မှုရှိရင် တရုတ်က ကမ္ဘာ့မီဒီယာတွေကို ဘာဖြစ်လို့ အဲဒီကို ကိုယ်တိုင် သွားကြည့်ခွင့်မပေးရတာလဲ။ ကမ္ဘာ့မီဒီယာတွေကို ရှောင်ရှားတာဟာ သူတို့ တစ်ခုခုကို ဖုံးကွယ်နေတယ်ဆိုတာ ပြသနေတာပါ။ တိဗက်အကြောင်းကို ဘာကြောင့် စက္ကူဖြူပေါ်မှာပဲ တစ်ချိန်လုံး ရေးနေရတာလဲ။ ဒါဟာ အဲဒီဒေသမှာ အားလုံးအဆင်ပြေမနေဘူးဆိုတာ ပြသနေတာပါ” ဟု ဒိုလ်မာဆာရင်က ပြောသည်။

တရုတ်သည် ပါတီအစိုးရအောက်တွင် တိဗက်၊ ဝီဂါနှင့် မွန်ဂိုလူမျိုးများ အပါအဝင် အမျိုးသားရေးဝါဒီ အများအပြားကို နှစ်ပေါင်း ၆၀ နှင့် ၇၀ အတွင်း ဖိနှိပ်ခဲ့ကြောင်း အဝေးရောက်တိဗက်အစိုးရ ပြောရေးဆိုခွင့်ရှိသူ တန်ဇင်လက်ရှေးက ပြောကြားခဲ့သည်။

“တရုတ်လူမျိုးတွေက ပိုပြီးတော့ စာနာရိုင်းပင်းတတ်ဖို့လိုပါတယ်၊ လူနည်းစုတွေရဲ့ ဆန္ဒတွေကို စူးစမ်းလေ့လာဖို့ လိုပါတယ်။ ဒါဟာ တိဗက်လူမျိုး ၆ သန်း ပြဿနာပါပဲ ။ ဒါကြောင့် နှစ်ပေါင်း ၅၀ / ၆၀ လောက် စောင့်ဆိုင်းနေရတဲ့ တရုတ်-တိဗက် ပဋိပက္ခကို ဖြေရှင်းဖို့ လိုပါတယ်” ဟု တန်ဇင်လက်ရှေးက ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required