တရုတ်အိမ်ရာကဏ္ဍပြဿနာသည် ကမ္ဘာ့စီးပွားရေးကို ထိခိုက်နိုင်သည်ဟု အမေရိကန် ဗဟိုဘဏ် သတိပေး

တရုတ်အိမ်ရာကဏ္ဍပြဿနာသည် ကမ္ဘာ့စီးပွားရေးကို ထိခိုက်နိုင်သည်ဟု အမေရိကန် ဗဟိုဘဏ် သတိပေး

တရုတ်ပြည်၏ လက်ရှိဖြစ်ပေါ်နေသော အိမ်ရာကဏ္ဍပြဿနာများသည် ဘဏ္ဍာရေးဆိုင်ရာ ဖိအားများ တိုးမြင့် လာနိုင်ပြီး ကမ္ဘာ့ဘဏ္ဍာရေးဈေးကွက်များကို ထိခိုက်စေနိုင်ကာ အမေရိကန်အပေါ် ဆိုးကျိုးသက်ရောက်စေနိုင်သည်ဟု အမေရိကန်ဗဟိုဘဏ်က သတိပေးထားသည်။

ဘဏ္ဍာရေးတည်ငြိမ်မှုဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာတွင် အမေရိကန်ဗဟိုဘဏ်က တရုတ်ပြည်၏ ကြွေးမြီ အများဆုံးအိမ်ရာလုပ်ငန်းကုမ္ပဏီကြီးဖြစ်သော Evergrande ၏ အကျပ်အတည်းကို အဓိကထား ထောက်ပြခဲ့ကြောင်း CNN သတင်းဌာနက ဖော်ပြခဲ့သည်။

ကုမ္ပဏီသည် ကြွေးမြီ ဒေါ်လာ ဘီလီယံ ၃၀ဝ ကျော်ကို ပေးရန် ပျက်ကွက်နိုင်ကြောင်း သတိပေးပြီးနောက် စက်တင်ဘာလကတည်းက အကြွေးပေးရန်ပျက်ကွက်မှုက အခြားဈေးကွက်များသို့ ပျံ့နှံ့သွားမည်ကို စိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့သလို အခြားအိမ်ခြံမြေလုပ်ငန်းရှင်များလည်း အခက်အခဲ ဖြစ်ပေါ်နေကြသည်။

တရုတ်အာဏာပိုင်များက အိမ်ခြံမြေဈေးကွက်များကို တည်ငြိမ်စေမည့် အစီအမံများကို စတင်ဖော်ဆောင် ထားသော်လည်း ဘဏ္ဍာရေးဆိုင်ရာ ပြဿနာများ ဆက်လက်မြင့်တက်နေဦးမည်" ဟု အမေရိကန်ဗဟိုဘဏ်က မှတ်ချက်ပြုသည်။

တရုတ်စီးပွားရေး၊ ဘဏ္ဍာရေးစနစ် အရွယ်အစားနှင့် ယင်း၏ ကမ္ဘာလုံးဆိုင်ရာ ဆက်ဆံမှုများကြောင့် “တရုတ်ပြည်ရှိ ငွေကြေးဆိုင်ရာ ဖိအားများက လူများကို ကြောက်ရွှံ့ထိန်လန့်စေနိုင်သဖြင့် ကမ္ဘာ့ဘဏ္ဍာရေး ဈေးကွက်များကို ထိခိုက်စေနိုင်ကာ ကမ္ဘာ့စီးပွားရေး တိုးတက်မှုအတွက် ဘေးအန္တရာယ်များဖြစ်ပေါ်စေနိုင်ပြီး အမေရိကန်ကို ထိခိုက်စေနိုင်ကြောင်း ဗဟိုဘဏ်က သတိပေးခဲ့သည်။ “

အိမ်ရာလုပ်ငန်း Evergrandeမှ ကြွေးမြီပြဿနာ ပျံ့နှံ့သွားမည်ကို ကြောက်ရွှံ့ခြင်းနှင့် တရုတ်တိုးတက်မှုနှုန်း နှေးကွေးခြင်းတို့ ကြောင့် ဟောင်ကောင်၊ နယူးယောက်နှင့် အခြားသော အဓိကဈေးကွက်များရှိ စတော့ရှယ်ယာဈေးနှုန်းများ လှုပ်ခတ်သွားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required