တရုတ်က Facebook မှတစ်ဆင့် ကြိုးကိုင် ဝါဒဖြန့်ရာတွင် ပုဂ္ဂလိကကုမ္ပဏီများကို အသုံးချမှုများလာ

By Chinatalk
17 November 2021
တရုတ်က Facebook မှတစ်ဆင့် ကြိုးကိုင် ဝါဒဖြန့်ရာတွင် ပုဂ္ဂလိကကုမ္ပဏီများကို အသုံးချမှုများလာ

တရုတ်က အင်တာနက်ပေါ်တွင် အများပြည်သူများ၏ ပြောဆိုမှုများကို ထိန်းချုပ်ရန် 50 Cent Army ခေါ် အင်တာနက်မှတစ်ဆင့် ဝါဒဖြန့်ချိပေးသူများအဖွဲ့ကို စတင်ဖွဲ့စည်းပြီးနောက် ၁၀စုနှစ်နှစ်ခုနီးပါးအကြာတွင် တရုတ်၏ အွန်လိုင်းမှ "သဘောထားအမြင် လမ်းညွှန်ချက်" တွင် ပါဝင်ဆောင်ရွက်သူများသည် ပြောင်းလဲသွားခဲ့ပြီး လူမှုမီဒီယာတွင် တရုတ်သြဇာလွှမ်းမိုးသည့် ပုံစံသစ်ကို မြင်တွေ့နေရသည်။

လွန်ခဲ့သည့် ၅နှစ်အတွင်း (အပြင်းအထန်ပြန်လည်ဆန်းစစ်ခြင်းမပြုခဲ့သည့်) ဝါဒဖြန့်ချိရေးပို့စ်တစ်ခုချင်းစီအလိုက် အခကြေးငွေပေးသည့် 50 Cent Army အဖွဲ့၏ လုပ်ဆောင်ချက်ကို ကျော်လွန်တွေ့မြင်ရန် အချိန်တန်ပြီဖြစ်သည်။

"၂၀၁၃ ခုနှမှ ၂၀၂၀ ပြည့်နှစ်အတွင်း ပြည်တွင်းနှင့် ဗဟိုအစိုးရဝယ်ယူရေးကွန်ရက်သို့ တင်ထားသော ပြည်ပမှ လူမှုမီဒီယာ လုပ်ငန်းများနှင့်ပတ်သက်သည့် ဝယ်ယူရေးကြော်ငြာချက်များကို ရာနှင့်ချီ၍ စုဆောင်းခဲ့သည်" ဟု ဂျော်ဒန် ရှနိုင်ဒါက ရေးသားခဲ့သည်။

ဝါဒဖြန့်ချိရေး လုပ်ငန်းဆောင်ရွက်ရန် အစိုးရမှ ငှားရမ်းထားသော ကုမ္ပဏီများသည် အမျိုးအစား စုံလင်စွာ ပေါင်းစပ်ကာ နိုင်ငံပိုင် မီဒီယာကုမ္ပဏီကြီး များ၊ နည်းပညာကုမ္ပဏီများ၊ ထုတ်ဝေသူများ၊ ဗီဒီယိုရိုက်ကူး သူများနှင့် ဈေးကွက်ရှာဖွေရေး ကုမ္ပဏီတို့ဖြစ်သည်။

ဝယ်လိုအားများလာသည်နှင့်အမျှ အစိုးရ၏ ဈေးကွက်ရှိလာသဖြင့် လူမှုမီဒီယာ စာချုပ်များကို ရယူရန် အဓိကထားကြိုးစားသည့် ပုဂ္ဂလိကကုမ္ပဏီ အရေအတွက် တိုးလာသည်။

တရုတ်၏ "သဘောထားအမြင်လမ်းညွှန်ချက်" ပုံစံအသစ်ကို တည်ဆောက်ရန် ၂၀၁၅ ခုနှစ်တွင် 50 Cent Army တည်ရှိမှုကို ပံ့ပိုးပေးခဲ့သော ပညာရှင်များက အသုံးပြုခဲ့သည့် ရင်းမြစ်များဖြစ်သည့် အစိုးရဝယ်ယူရေးနှင့်  အလုပ်အကိုင်ဆိုင်ရာ ဝက်ဘ်ဆိုဒ်များကို ရှနိုင်ဒါက ရှာဖွေစုံစမ်းခဲ့ပါသည်။

တရုတ်နိုင်ငံ၏ အင်တာနက်ပတ်ဝန်းကျင်သည် လျင်မြန်စွာ တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ ဒေသဆိုင်ရာ နှင့် ဗဟိုအစိုးရအဖွဲ့များက ဆိုရှယ်မီဒီယာလုပ်ငန်းကို ကန်ထရိုက်စနစ်ဖြင့် လက်လွှဲလုပ်ခိုင်းနေသည်ကို တွေ့မြင်နေရသည်။ အစိုးရပိုင်းနှင့် ပတ်သက်သည့် အကြောင်းအရာများကို ပို့စ်တင်ရန်နှင့် ကြော်ငြာရန် လူတစ်ဦးချင်းစီအား ငွေကြေးဖြင့် မခိုင်းတော့ဘဲ၊ ဒေသဆိုင်ရာ အစိုးရများသည် ဆိုရှယ်မီဒီယာ လုပ်ငန်း

အားလုံးကို အချိန်အတိုင်းအတာတစ်ခုအထိ တာဝန်ယူပေးသည့် ပုဂ္ဂလိကအင်တာနက်ကုမ္ပဏီများကို ကန်ထရိုက်စနစ်ဖြင့် လက်လွှဲလုပ်ခိုင်းနေသည်။

အနောက်တိုင်း လူမှုမီဒီယာတွင် ဝါဒဖြန့်ချိရေးလုပ်ငန်းကို ကိုင်တွယ်ရန် အစိုးရမှ ပုဂ္ဂလိကကုမ္ပဏီများကို မည်ကဲ့သို့ငွေကြေးပေးပြီးလုပ်ဆောင်ခိုင်းနေသည်ကို သိရှိစေရန် တရုတ်အစိုးရ၏ အများပြည်သူ ဝယ်ယူရေးအချက်အလက်သိုလှောင်မှုများကို ရှာဖွေကြည့်ခဲ့ကြောင်း ရှနိုင်ဒါက ဆိုသည်။

ပို့စ်တစ်ခုချင်းစီအတွက် အခငွေကြေးပေးသည့် ဝါဒဖြန့်ချိရေးပုံစံဖြစ်သည့် 50 Cent Army ပုံစံမှ စစ်မှန်သော အရွေ့တွင် “ကြိုးကိုင် ဝါဒဖြန့်ချိရေး” ကို လက်ခံကျင့်သုံးပြီး တသမတ်တည်း၊ ဈေးကွက်ဖြင့် မောင်းနှင်သည့် ဆန်းသစ်တီထွင်မှုကို ရရှိစေမည်ဖြစ်ပြီး အွန်လိုင်းသြဇာလွှမ်းမိုးမှုအတွက် အဆက်မပြတ်ပြောင်းလဲနေသော ကိရိယာတန်ဆာပလာတစ်ခု အဖြစ်ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly