ပုသိမ်မြို့ ကမ်းနားလမ်းရှိ ရေကြောင်းရဲတပ်ဖွဲ့စခန်းရှေ့တွင် ပစ်ခတ်မှုများဖြစ်

16 November 2021
ပုသိမ်မြို့ ကမ်းနားလမ်းရှိ ရေကြောင်းရဲတပ်ဖွဲ့စခန်းရှေ့တွင် ပစ်ခတ်မှုများဖြစ်

နိုဝင်ဘာ ၁၆

ပုသိမ်မြို့ အမှတ် (၆) ရပ်ကွက်၊ကမ်းနားလမ်းတွင်ရှိသောရေကြောင်းရဲတပ်ဖွဲ့စခန်းရှေ့တွင် ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့ ည ၇ နာရီ ၄၅ခန့်အချိန်က ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့ကြောင်းဒေသခံများကပြောသည်။

" မိနစ် ၂၀ လောက်သေနတ်သံတွေဆက်တိုက်ကြားနေရတယ်၊ဘာဖြစ်တာလဲတော့တိတိ ကျကျမသိရသေးဘူး။ စစ်သားတွေက အဲ့ဒီအနားက လမ်းတွေထဲကိုလည်းသေနတ်တွေနဲ့ပစ်နေတယ်"ဟုဒေသခံတစ်ဦးကပြောသည်။

၎င်းအပြင် ပုသိမ်မြို့ပေါ် ရပ်ကွက်အတော်များများတွင်လည်း သေနတ်သံ

များကြားနေရကြောင်း၊ရပ်ကွက်တချို့တွင် မီးဖြတ်ခံထားရကြောင်းနှင့်

စစ်ကားများ ခရာများမှုတ်၍ ပုသိမ်မြို့တွင်းလမ်းများပေါ်တွင် အရှိန်ပြင်းစွာမောင်းနှင်နေကြကြောင်း ဒေသခံများ၏ပြောကြားချက်အရသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly