တရုတ်က အခြားနိုင်ငံများ၏ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်းများကို လွှမ်းမိုးရန် ကြိုးပမ်းနေ

By The HK Post
16 November 2021
တရုတ်က အခြားနိုင်ငံများ၏ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်းများကို လွှမ်းမိုးရန် ကြိုးပမ်းနေ

တရုတ်က သြဇာလွှမ်းမိုးရန် ဆောင်ရွက်မှုများမှတစ်ဆင့် မီဒီယာအဖွဲ့အစည်းများ၊ စီးပွားရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာ အဖွဲ့အစည်းများကို ပစ်မှတ်ထားလျက်ရှိသည်။

တရုတ်၏ လုပ်ဇာတ်များကို လက်ခံရန်၊ ယင်း၏ ရည်မှန်းချက်ရရှိရေး အတွက် အတားအဆီးများကို ဖယ်ရှားရန် ပြည်တွင်း၊ ပြည်ပနှင့် နိုင်ငံတကာတွင် နိုင်ငံရေးသြဇာတည်ဆောက်ရန်နှင့် လူထု၏ သဘော ထားကို ပုံသွင်းရန် တရုတ်ကွန်မြူနစ်ပါတီ (CCP) က ကြိုးပမ်းနေသည်ဟု တရုတ်နိုင်ငံ၏ စစ်ရေးနှင့် လုံခြုံရေးအခြေအနေများ ဆိုင်ရာ ပင်တဂွန်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အမေရိကန်အပါအဝင် ပွင့်လင်းမြင်သာသော ဒီမိုကရေစီနိုင်ငံများသည် အခြားသော အစိုးရအမျိုအစားများ ထက် သြဇာလွှမ်းမိုးမှုရနိုင်သည်ဟု CCP ခေါင်းဆောင်များက ယူဆနေနိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

PLA သည် အနည်းဆုံး ၂၀ဝ၃ခုနှစ်ကတည်းက ယင်း၏ စစ်ဆင်ရေးစီမံချက်တွင် စိတ်ဓာတ်စစ်ဆင်ရေး၊ ပြည်သူ့သဘောထားအမြင် စစ်ဆင်ရေးနှင့် ဥပဒေရေးရာစစ်ဆင်ရေးများပါဝင်သည့် ယင်း၏ "စစ်ဆင်ရေး ၃ ခု" အယူအဆ ဖွံ့ဖြိုးတိုးတက်မှုကို အလေးပေးခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးဌာနက ပြောကြားခဲ့သည်။

သတင်းပေးပို့သည့် အရည်အသွေးနှင့် ငြင်းပယ်နိုင်မှုကို မြှင့်တင်ရန်အတွက် PLA သည် ဉာဏ်ရည်တု နည်းပညာ (AI) တွင် တိုးတက်မှုများကို ပေါင်းစပ်ခြင်းဖြင့် ယင်း၏ ဒစ်ဂျစ်တယ်လွှမ်းမိုးနိုင်မှုစွမ်းရည်များကို ဆက်လက်တိုးတက်စေရေး ဆောင်ရွက်ဖွယ်ရှိသည်။

အဆင့်မြင့်နည်းပညာများကို ကျွမ်းကျင်ပိုင်နိုင်စေရန်နှင့် ကမ္ဘာလုံးဆိုင်ရာ ဆန်းသစ်တီထွင်မှု စူပါပါဝါဖြစ်လာစေရန် ထိပ်တန်းအဆင့် တွန်းအားပေးမှုကို PRC က ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

စတုတ္ထစက်မှုတော်လှန်ရေးနှင့် ဆက်စပ်နေသော နည်းပညာများကို လွှမ်းမိုးရန် PRC က ကြိုးပမ်းနေပြီး ယင်းတွန်းအားပေးမှုသည် PLA ၏ ရည်မှန်းချက်ကြီးသော ခေတ်မီတိုးတက်ရေး ကြိုးပမ်းမှုများကို တိုက်ရိုက်ပံ့ပိုးပေးသလို “ဉာဏ်ရည်ထက်မြက်သော” စစ်ပွဲကို စွမ်းဆောင်နိုင်သော ကမ္ဘာ့အဆင့်မီ စစ်တပ်ဖြစ်လာရန် ယင်း၏ ရည်မှန်းချက်ကို ပံ့ပိုးပေးသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly