တရုတ်က အကျိုးစီးပွား မြှင့်တင်ရန် လူမှုမီဒီယာတွင် လုပ်ငန်းအပ်နှံဆောင်ရွက်နေ

တရုတ်က အကျိုးစီးပွား မြှင့်တင်ရန် လူမှုမီဒီယာတွင် လုပ်ငန်းအပ်နှံဆောင်ရွက်နေ

လူမှုမီဒီယာလုပ်ငန်းလည်ပတ်မှုများတွင် သြဇာလွှမ်းမိုးရန် ကြိုးပမ်းသည့်အနေဖြင့် တရုတ်က အစိုးရ၊ ဒေသ ယဉ်ကျေးမှု၊ စီးပွားရေးမြှင့်တင်ရေးအတွက် လူတစ်ဦးချင်းစီအား ကြော်ငြာခိုင်းခြင်းထက် လူမှုမီဒီယာ လုပ်ငန်းကို ကန်ထရိုက်စနစ်ဖြင့် လက်လွှဲလုပ်ကိုင်လျက်ရှိသည်။

ယင်းကန်ထရိုက်စာချုပ်များက တရုတ်အင်တာနက်လုပ်ငန်းတွင် “ပုဂ္ဂလိကပိုင် ဝါဒဖြန့်ချိရေးကဏ္ဍ “ ဈေးကွက် ကြီးထွားလာခြင်းကို ဖော်ပြနေသည်။

တရုတ်နိုင်ငံ၏ အင်တာနက်ပတ်ဝန်းကျင်သည် လျင်မြန်စွာ တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ ဒေသဆိုင်ရာ နှင့် ဗဟိုအစိုးရအဖွဲ့များက လူမှုမီဒီယာလုပ်ငန်းကို ကန်ထရိုက်စနစ်ဖြင့် လက်လွှဲလုပ်ခိုင်းနေသည်ကို တွေ့မြင်နေရသည်။

အစိုးရပိုင်းနှင့် ပတ်သက်သည့် အကြောင်းအရာများကို ပို့စ်တင်ရန်နှင့် ကြော်ငြာရန်အတွက် လူတစ်ဦးချင်းစီအား ငွေကြေးဖြင့် မခိုင်းတော့ဘဲ၊ ဒေသဆိုင်ရာ အစိုးရများသည် ဆိုရှယ်မီဒီယာ လုပ်ငန်း အားလုံးကို အချိန်အတိုင်းအတာတစ်ခုအထိ တာဝန်ယူပေးသည့် ပုဂ္ဂလိကအင်တာနက်ကုမ္ပဏီများကို ကန်ထရိုက်စနစ်ဖြင့် လက်လွှဲလုပ်ခိုင်းနေသည်။

အနောက်တိုင်းလူမှုမီဒီယာတွင် ဝါဒဖြန့်ချိရေးလုပ်ငန်းကို ကိုင်တွယ်ရန် အစိုးရမှ ပုဂ္ဂလိကကုမ္ပဏီများကို မည်ကဲ့သို့ငွေကြေးပေးပြီးလုပ်ဆောင်ခိုင်းနေသည်ကို သိရှိစေရန် တရုတ်အစိုးရ၏ အများပြည်သူ ဝယ်ယူရေးအချက်အလက်သိုလှောင်မှုများကို ရှာဖွေကြည့်ခဲ့သည်။

"၂၀၁၃ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ပြည်တွင်းနှင့် ဗဟိုအစိုးရဝယ်ယူရေးကွန်ရက်သို့ တင်ထားသော ပင်လယ်ရပ်ခြားလူမှုရေးမီဒီယာ စီမံကိန်းများနှင့်ပတ်သက်သည့် ဝယ်ယူရေးကြော်ငြာချက်များကို ရာနှင့်ချီ၍ စုဆောင်းခဲ့သည်" ဟု ChinaTalkတွင် ဂျော်ဒန် ရှနိုင်ဒါက ပြောကြား ခဲ့သည်။

တရုတ်ဈေးကွက်ရှာဖွေရေးကုမ္ပဏီ Yiqilianသည် တရားဝင် Facebook ဈေးကွက်ရှာဖွေရေး လုပ်ဖော် ကိုင်ဖက်ဖြစ်ပြီး အစိုးရ၏ ဝါဒဖြန့်လှုံ့ဆော်မှုများကို လုပ်ဆောင်ရန်အတွက် Facebook ၏ သင်တန်းပေးခြင်းနှင့် ကြော်ငြာအရင်းအမြစ်များကို အသုံးပြုနေကြောင်း ChinaTalkအပတ်စဉ် သုံးသပ်ချက်အရ သိရသည်။

ပို့စ်တစ်ခုချင်းစီအတွက် အခငွေကြေးပေးသည့် ဝါဒဖြန့်ချိရေးပုံစံဖြစ်သည့် ပုံစံမှ စစ်မှန်သောပါရာဒိုင်းပြောင်းမှုတွင် “ပုဂ္ဂလိကပိုင် ဝါဒဖြန့်ချိရေး” ကို လက်ခံကျင့်သုံးပြီး တသမတ်တည်း၊ ဈေးကွက်ဖြင့် မောင်းနှင်သည့် ဆန်းသစ်တီထွင်မှုကို ရရှိစေမည်ဖြစ်ပြီး အွန်လိုင်းသြဇာလွှမ်းမိုးမှုအတွက် အဆက်မပြတ်ပြောင်းလဲနေသော ကိရိယာတန်ဆာပလာတစ်ခုဖြစ်ကြောင်း သတင်းတွင် ထည့်သွင်းဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly