ဆိုလ်းမြို့ရှိ စစ်ကောင်စီသံရုံးရှေ့တွင် ကိုရီးယားရောက်မြန်မာများ ဆန္ဒပြ

ဆိုလ်းမြို့ရှိ စစ်ကောင်စီသံရုံးရှေ့တွင် ကိုရီးယားရောက်မြန်မာများ ဆန္ဒပြ

နိုဝင်ဘာ ၁၄

တောင်ကိုရီးယားနိုင်ငံ၊ ဆိုလ်းမြို့ရှိ မြန်မာစစ်ကောင်စီသံရုံးရှေ့တွင် ကိုရီးယားရောက်မြန်မာများက ယနေ့ နိုဝင်ဘာလ ၁၄ရက်နေ့တွင် ဆန္ဒပြကြသည်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်းနှင့် ဥပဒေမဲ့ မတရား ဖမ်းဆီးထားသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်အပါအဝင် ဖမ်းဆီးခံရသူအားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေးအတွက် ပြုလုပ်သည့် အဆိုပါဆန္ဒပြပွဲကို စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)က ဦးဆောင် ပြုလုပ်ခဲ့သည်။

ယင်းဆန္ဒပြပွဲသို့ မြန်မာအဖွဲ့အစည်းများမှ အဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံသား ၁၂၀ ကျော် တက်ရောက်ဆန္ဒပြကြသည်။

ဓာတ်ပုံ- Phay Sist Naing

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly