မြောက်ဥက္ကလာပမြို့နယ်တွင် ကားလမ်းမကြီးဘေးရှိ ပျံကျ ဈေးဆိုင်များအား စည်ပင်နှင့် စစ်တပ်တို့က ရှင်းလင်းဖယ်ရှား

မြောက်ဥက္ကလာပမြို့နယ်တွင် ကားလမ်းမကြီးဘေးရှိ ပျံကျ ဈေးဆိုင်များအား စည်ပင်နှင့် စစ်တပ်တို့က ရှင်းလင်းဖယ်ရှား

နိုဝင်ဘာ-၁၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ သုဓမ္မာလမ်းမကြီးနှင့် ခေမာသီလမ်းမကြီးတစ်လျောက် လမ်းဘေးတွင် ပျံကျ ဈေးရောင်းချနေသည့် ကွမ်းယာဆိုင်များ၊ လက်တွန်းလှည်းဆိုင်များနှင့် စည်ပင်ဧရိယာအတွင်းရှိ မီနီစတိုးဆိုင်များနှင့် တည်းခိုခန်းများမှ မီးစက်များကို စစ်ကောင်စီတပ်သားများနှင့်အတူ စည်ပင်၀န်ထမ်းများက လိုက်လံ ဖယ်ရှားသိမ်းဆည်းနေကြောင်း ဈေးသည်များထံမှ သိရသည်။

''သူတို့က နို့တစ်(သတိပေး) ပေးထားတာတော့ ကြာပြီပေါ့နော်။ ကျွန်တော်တို့ကလည်း ကားဂိတ်မှာ ဒီလိုလှည်းလေးနဲ့ ကွမ်းယာမှ မရောင်းရရင် ဘာနဲ့စားရမလဲ။ ဒီလိုပဲ ပေပြီးတော့ ရောင်းနေတာ မနေ့ကတော့ စစ်ကားတွေနဲ့လာပြီး ကွမ်းယာဗန်းတွေ၊ လှည်းတွေကို ကားပေါ်အကုန်တင်သွားကြတယ်" ဟုလမ်းဘေးဈေးသည်တစ်ဦးက ပြောသည်။

စည်ပင်မှ လိုက်လံရှင်းလင်းသည့် ဆိုင်များတွင် ကားဂိတ်များ၊ လူစည်ကားသည့် နေရာတွင် ရောင်းချနေသည့် လက်တွန်းလှည်း သုံးဘီးများလည်း ပါဝင်ပြီး စည်ပင်နှင့်အတူ စစ်ကောင်စီတပ်မှ ကားများဖြင့် လိုက်လံသိမ်းဆည်းနေခြင်း ဖြစ်သည် ဟု‌ ဈေးသည်များထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly