ထိုင်ဝမ်က တရုတ်၏ စိတ်ဓာတ်စစ်ဆင်ရေး စစ်ပွဲကို တိုက်ဖျက်ရန် လုပ်ဆောင်နေ

ထိုင်ဝမ်က တရုတ်၏ စိတ်ဓာတ်စစ်ဆင်ရေး စစ်ပွဲကို တိုက်ဖျက်ရန် လုပ်ဆောင်နေ

မဟုတ်မမှန်သတင်းများကို ဖြန့်ကာ လူမှုရေးမငြိမ်သက်မှုများ ဖြစ်ပေါ်စေသည့် တရုတ်၏ နည်းပညာအခြေပြု စိတ်ဓာတ်စစ်ဆင်ရေးစစ်ပွဲကို တိုက်ဖျက်ရန် ထိုင်ဝမ်က လူမှုမီဒီယာနှင့် အခြား နည်းလမ်းများကို အသုံးပြုနေသည်။

တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ နည်းပညာအခြေပြု စိတ်ဓာတ်စစ်ဆင်ရေးစစ်ပွဲကြိုးပမ်းမှုများကို တိုက်ဖျက်နေ ကြောင်း ထိုင်ဝမ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၆ရက်တွင် ပြောကြားခဲ့သည်။

နိုင်ငံခြားအင်အားကြီးနိုင်ငံများ၏ နည်းပညာအခြေပြု စိတ်ဓာတ်စစ်ဆင်ရေးစစ်ပွဲပြုလုပ်ရန် ကြိုးပမ်းမှုများကို အဓိပ္ပာယ်သတ်မှတ်ရန်နှင့် ယင်းအား တိုက်ဖျက်ရန်အတွက် စစ်တပ်၏ လုပ်ဆောင်ချက်များကို အကြမ်းဖျဉ်း ပုံဖော်ပေးရန် ဥပဒေပြုလွှတ်တော်အား ဝန်ကြီးဌာနက လမ်းညွှန်ချက်များ တင်သွင်းခဲ့သည်။

CCP သည် ဝါဒဖြန့်ချိမှု၊ ဆိုရှယ်မီဒီယာအကောင့်အတုများ၊ အကြောင်းအရာများနှင့် ထိုင်ဝမ်ပူးပေါင်း ဆောင်ရွက်သူများ အသုံးပြုခြင်းဖြင့် ထိုင်ဝမ်နှင့် နည်းပညာအခြေပြု စိတ်ဓာတ်စစ်ဆင်ရေးစစ်ပွဲ ဆင်နွှဲနေကြောင်း Taipei Times က ဖော်ပြခဲ့သည်။

ထိုင်ဝမ်ရှိ လူမှုမီဒီယာမှတစ်ဆင့် မျှဝေထားသော သတင်းမှားများကို ခြေရာခံကာ စစ်တပ်က ကိုယ်ပိုင် လူမှုမီဒီယာအကောင့်များနှင့် ဝက်ဘ်ဆိုက်များတွင် သတင်းအချက်အလက်အမှန်များ ပြင်ဆင်ရေးသားမှုများ ပြုလုပ်ခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့ပြီး အများပြည်သူပို့စ်များတွင် သတင်းအချက်အလက်မှန်များ ဖြေကြားအကြောင်းပြန်မှုများ ပြုလုပ်ခဲ့သည်ဟုလည်း ထပ်မံဆိုခဲ့သည်။

တစ်ချိန်တည်းတွင်ပင် တရုတ်၏ ကျူးကျော်ရန်စခြိမ်းခြောက်မှုကို တန်ပြန်ရန် စစ်တပ်သည် ယင်း၏ အချိုးမ ညီသော တိုက်ခိုက်ရေးနှင့် အီလက်ထရွန်နစ်စစ်ပွဲ စွမ်းရည်ကို ဆက်လက်မြှင့်တင်ရမည်ဟု ကာကွယ်ရေး သုတေသီတစ်ဦးက နိုဝင်ဘာ ၆ရက်တွင် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly