CRPH နှင့် KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်ပါဝင်သည့် KPICT တို့ ဖက်ဒရယ်အရေးနှင့်ပတ်သက်ပြီး ပုံမှန်တွေ့ဆုံရန် အတည်ပြု

CRPH နှင့် KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်ပါဝင်သည့် KPICT တို့ ဖက်ဒရယ်အရေးနှင့်ပတ်သက်ပြီး ပုံမှန်တွေ့ဆုံရန် အတည်ပြု

နိုဝင်ဘာ ၁၃

CRPH နှင့် KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်ပါဝင်သည့် KPICT တို့ ဖက်ဒရယ်အရေးနှင့်ပတ်သက်ပြီး ပုံမှန်တွေ့ဆုံရန် အတည်ပြုခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကသတင်းထုတ်ပြန်သည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် Kachin Political Interim Coordination Team (KPICT) တို့မှာ ယနေ့ညနေ ၄ နာရီ‌တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

အဆိုပါအစည်းအဝေးသို့ CRPH မှ ဥက္ကဌ ဦးအောင်ကြည်ညွန့်၊အတွင်းရေးမှူးအဖွဲ့ဝင်များဖြစ်ကြသော ဦးထွန်းမြင့်၊ဒေါ်ဖြူဖြူသင်း၊မိုင်းလမင်းထွန်း နှင့် CRPH အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ KPICTမှဥက္ကဋ္ဌ ဦးတူးရှန်၊အတွင်းရေးမှူး ဦးအင်ဆန်ဂွမ်ဆန်၊တွဲဘက်အတွင်းရေးမှူး ဦးခွန်းအောင်နှင့် ဗိုလ်ချုပ်ဂွန်မော်အပါအဝင် KPICT အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် နှစ်ဘက်သဘောတူချုပ်ဆိုခဲ့သော "ကြားကာလသဘောတူစာချုပ်"ချုပ်ဆိုပြီးနောက်ပိုင်းတွင် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် ဆောင်ရွက်နေမှုများကို အပြန်အလှန် ပွင့်လင်းစွာဆွေးနွေးခဲ့သည်။

ထို့ပြင် နိုင်ငံတကာနှင့်ချိတ်ဆက်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊လူသားချင်းစာနာထောက်ထားမှု အကူအညီရရှိရေးအခြေအနေများ နှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကိုဆွေးနွေးခဲ့ကြပါသည်။

ထို့ပြင် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြပြီး ပုံမှန်တွေ့ဆုံနိုင်ရန်အတွက် အတည်ပြုခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက သတင်းထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required