ရှမ်းပြည်နယ်အတွင်းတိုင်းရင်းသားလက်နက်ကိုင်ချင်း တိုက်ပွဲများရပ်ရန် ကျောက်မဲစစ်ရှောင်များဆန္ဒပြ

ရှမ်းပြည်နယ်အတွင်းတိုင်းရင်းသားလက်နက်ကိုင်ချင်း တိုက်ပွဲများရပ်ရန် ကျောက်မဲစစ်ရှောင်များဆန္ဒပြ

နိုဝင်ဘာ ၁၃

ရှမ်းပြည်မြောက်ပိုင်းကျောက်မဲမြို့နယ် ခိုမုန်းကျေးရွာ ရှမ်းစာပေနှင့်ယဥ်ကျေးမှုပိုင်မြေနေရာတွင် ခိုလှုံနေကျသောစစ်ရှောင်ပြည်သူများစုပေါင်းကာ ရှမ်းပြည်နယ်အတွင်းလက်ရှိဖြစ်ပွားနေသော မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစု (TNLA,SSPP,MNDAA) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS,SSA) တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းတိုက်ပွဲများရပ်တန့်ရန် ယနေ့ဆန္ဒပြတောင်းဆိုခဲ့ကြောင်းသိရသည်။

အဆိုပါဆန္ဒပြမှုအား ရှမ်းပြည်သံဃာနှင့်ပြည်သူငြိမ်းချမ်းရေးပူးပေါင်းဆောင်ရွက်မှုကော်မတီမှ ဦးဆောင်ပြုလုပ်ခဲ့ပြီး စစ်ရှောင်ပြည်သူများအပါအဝင် သံဃာနှင့်ဒေသခံပြည်သူ စုစုပေါင်း ၅၀၀ နီးပါးက ပါဝင်ဆန္ဒထုတ်ဖော်ခဲ့ကြသည်ဟုဆန္ဒပြပွဲတွင်ပါဝင်ခဲ့သူဒေသခံတစ်ဦးကပြောသည်။

၂၀၂၀ ခုနစ်ဒီဇင်ဘာလ မှစတင်ကာ ရှမ်းပြည်မြောက်ပိုင်းတွင်တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ,ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့်သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့တိုက်ပွဲများဖြစိပွားခဲ့ပြီး စစ်ကောင်စီမှအာဏာသိမ်းယူပြီးနောက်ပိုင်းတွင် တိုက်ပွဲများပိုမိုပြင်းထန်လာခဲ့ချင်းဖြစ်သည်။

ကျောက်မဲမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်ချင်းတိုက်ပွဲများကြောင့် ဒေသခံပြည်သူ ၁၂၀၀ ခန့်ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိတွင် စစ်ရှောင်ပြည်သူများအတွက်စားနပ်ရိက္ခာများနှင့် စောင်၊အနွေးထည်၊ဆေးဝါးများလိုအပ်နေကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required