တရုတ်က နှစ်မျိုးသုံး အပလီကေးရှင်းများဖြင့် ဇီဝ လုပ်ဆောင်မှုများတွင် ပါဝင်နေကြောင်း ပင်တဂွန် ပြောကြား

တရုတ်က နှစ်မျိုးသုံး အပလီကေးရှင်းများဖြင့် ဇီဝ လုပ်ဆောင်မှုများတွင် ပါဝင်နေကြောင်း ပင်တဂွန် ပြောကြား

တရုတ်က ဇီဝနှင့် အဆိပ်လက်နက်များဆိုင်ရာသဘောတူညီချက် (BWC) နှင့် ဓာတုလက်နက်ဆိုင်ရာ သဘောတူညီချက် (CWC) တို့နှင့် ကိုက်ညီမည့် အလားအလာရှိသော နှစ်မျိုးသုံး အက်ပလီကေးရှင်းများဖြင့် ဇီဝ လုပ်ဆောင်မှုများတွင် ပါဝင်နေကြောင်း ပင်တဂွန်၏ မကြာသေးမီက ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ စစ်ဘက်ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းများတွင် ပြုလုပ်သော လေ့လာမှု များတွင် အမျိုးစုံသော မျိုးရင်းများ၏ အစွမ်းထက်အဆိပ်အတောက်များကို နှစ်မျိုးသုံး အက်ပလီကေးရှင်းများ ဖြင့် ခွဲခြားသတ်မှတ်ခြင်း၊ စမ်းသပ်ခြင်းနှင့် စရိုက်လက္ခဏာခွဲခြင်းများကို ပြုလုပ်ခဲ့သည်ဟု ပင်တဂွန်၏ ၂၀၂၁ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ စစ်ဘက်နှင့် လုံခြုံရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ခေါင်းစဉ်တပ်ထားသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရရှိနိုင်သောအချက်အလက်များအပေါ်အခြေခံ၍ တရုတ်၏ ဆေးဝါးအခြေခံအေးဂျင့်များ(PBAs) နှင့် အဆိပ် အတောက်များအကြောင်းကို အလားအလာရှိသော နှစ်မျိုးသုံး အက်ပလီကေးရှင်းများဖြင့် သုတေသနပြုမှုနှင့် ပတ်သက်၍ စိုးရိမ်ပြီး တရုတ်က CWC အရလိုက်နာရမည့် ယင်း၏ ဝတ္တရားများကို လိုက်နာနေကြောင်းကို အမေရိကန်မှ သက်သေမခံနိုင်ကြောင်း စာမျက်နှာ ၁၉၂ မျက်နှာပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်သည် ယင်း၏ ကြည်း၊ ရေ၊ လေ အခြေစိုက် နျူကလီးယားပို့ဆောင်ရေး ပလပ်ဖောင်း အများအပြားတွင် ချဲ့ထွင်ရင်းနှီးမြှုပ်နှံနေပြီး နျူကလီးယား တပ်ဖွဲ့များ ချဲ့ထွင်မှုကို ပံ့ပိုးရန် လိုအပ်သော အခြေခံ အဆောက်အအုံ များ တည်ဆောက်နေကြောင်းလည်း ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံသည် လျင်မြန်စွာ ခွဲထုတ်လုပ်နိုင်သည့် ဓာတ်ပေါင်းဖိုများနှင့် သန့်စင်သည့် စက်ရုံများ တည်ဆောက် ခြင်းဖြင့် ပလူတိုနီယမ်ကို ခွဲထုတ်နိုင်မှုစွမ်းရည်ကို တိုးမြှင့်ပေးရေးကိုလည်း ပံ့ပိုးကူညီနေကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။

အမေရိကန် ကာကွယ်ရေးဌာန (DoD) သည် တရုတ်၏ စစ်ရေးနှင့် လုံခြုံရေး တိုးတက်မှုဆိုင်ရာ နှစ်စဉ် အစီရင်ခံစာကို ကွန်ဂရက်သို့ နိုဝင်ဘာ ၃ရက်က တင်သွင်းခဲ့သည်။

တရုတ်က အမေရိကန်အား ပြိုင်ဖက်တစ်ဦးအဖြစ် ကာလရှည်ကြာစွာကတည်းက ရှုမြင်ထားပြီး အင်အားကြီး နိုင်ငံများအချင်းချင်း ပြိုင်ဆိုင်မှုအပြင် ဆန့်ကျင်ဘက်စနစ်များ ထိပ်တိုက်တွေ့မှုတွင် မဟာဗျူဟာအရ ပြိုင်ဆိုင်မှု အဖြစ် ရှုမြင်ထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly