ဒီးမော့ဆို တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် KNDF ရဲဘော်၏ ဈာပနာအခမ်းအနား

ဒီးမော့ဆို တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် KNDF ရဲဘော်၏ ဈာပနာအခမ်းအနား

နိုဝင်ဘာ ၁၂

စစ်ကောင်စီတပ်နှင့် ဖြစ်ပွားခဲ့သော ဒီးမော့ဆို တိုက်ပွဲတွင် ကျဆုံးခဲ့သည့် ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) ရဲဘော်တစ်ဦးကို ယနေ့ နိုဝင်ဘာ ၁၂ ရက်တွင် မြေမြုပ်သင်္ဂြုလ်ခဲ့ပြီး အာဇာနည် သူရဲကောင်းအနေဖြင့် အသိအမှတ် ပြုသွားမည်ဟု KNDF က ထုတ်ပြန်သည်။

အဆိုပါ ရဲဘော်သည် ဒီးမော့ဆိုမြို့နယ် ထူလွှီးဘီလာနှင့် ပဒုံငံ ကျေးရွာအနီး၌ ယမန့်နေ့ နိုဝင်ဘာ ၁၁ ရက်က ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် ကျဆုံးခဲ့ခြင်း ဖြစ်သည်။

ထိုတိုက်ပွဲသည် လေးနာရီဝန်းကျင်ကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှလည်း ၂၀ ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly