ဝမ်းတွင်းမြို့နယ် သဲတောရွာ NLD ရုံးကို စစ်ကောင်စီတပ်များ ဖျက်ဆီး

12 November 2021
ဝမ်းတွင်းမြို့နယ် သဲတောရွာ NLD ရုံးကို စစ်ကောင်စီတပ်များ ဖျက်ဆီး

နိုဝင်ဘာ ၁၂

မိတ္ထီလာခရိုင် ၊ ဝမ်းတွင်းမြို့နယ်၊ သဲတောကျေးရွာရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်( NLD) ရုံးကို စစ်ကောင်စီတပ်များနှင့် ပျူစောထီးများ ပူးပေါင်းကာ နိုဝင်ဘာလ ၁၂ ရက် နံနက် ၁၂ နာရီ မိနစ် ၃၀တွင် ဖောက်ခွဲဖျက်ဆီးခဲ့ သည်ဟု ဒေသခံများက ပြောသည်။

“ညပိုင်းဝင်ပြီးတော့ NLD ရုံးကို ဖောက်ခွဲသွားတာ။ စစ်တပ်က ဗိုလ်မှူးတေဇာဖြိုး အဖွဲ့နဲ့ ပျူစောထီးတွေ လာလုပ်တာ။ ဗိုလ်မှူးတေဇာဖြိုးက ရွာကို ဇောင်းကျ(မျက်စိကျ)နေတာကြာပြီ။ ခဏခဏ လာဝင်ဖမ်းတယ်။ ဖျက်ဆီးတာတွေ လုပ်လို့ ရှောင်နေကြရတာ " ဟု ဒေသခံတစ်ဦးက ပြောသည်။

ဗိုလ်မှူး တေဇဖြိုးနှင့် အဖွဲ့သည် NLD ရုံးကို ဖျက်ဆီးအပြီးတွင် အဆိုပါရွာရှိ ဦးလှမြင့်ဆိုသူနေအိမ်၊ မြသုံးလုံးယက်ကန်းရုံနှင့် ပွင့်ဝါဆေးဆိုင်များကိုလည်း ဗုံးဖောက်ခွဲသွားသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်များက သဲတောကျေးရွာ ဒေသခံပြည်သူ ငါးဦးထက် မနည်းကိုလည်း အကြောင်းမဲ့ ဖမ်းဆီးထားပြီး ကျေးရွာတွင်းသို့ မကြာခဏ ဝင်ရောက်ကာ နေအိမ်များကို ဖျက်ဆီးပြီး အဖိုးတန် ပစ္စည်းများကို ယူဆောင်လေ့ ရှိသည်ဟု ဒေသခံများက ပြောသည်။

သဲတောကျေးရွာကို အကြိမ်ကြိမ် ဝင်ရောက် ဖျက်ဆီးခြင်းကြောင့် ဒေသခံပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required