အာဆင်နယ် ကွင်းလယ်လူဝီလ်ရှီးယား အနည်းဆုံးဖေဖော်ဝါရီအထိ နားရမည်

အာဆင်နယ် ကွင်းလယ်လူဝီလ်ရှီးယား အနည်းဆုံးဖေဖော်ဝါရီအထိ နားရမည်

ဒီဇင်ဘာ ၂၈၊ လန်ဒန် ။               ။ အာဆင်နယ်ကွင်းလယ်ကစားသမား ဝီလ်ရှီးယားသည် အနည်းဆုံးဖေဖော်ဝါရီလအထိ အနားယူရမည်ဖြစ်သော်လည်း အင်္ဂလန်အသင်းနှင့် အတူ ယူရို ၂၀၁၆ ပြိုင်ပွဲ ပါဝင်ကစားခွင့်ကိုပါ ထိခိုက်မည့်အရေးနှင့် ရင်ဆိုင်နေရသည်။

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ကွင်းလယ်ကစားသမားအနေဖြင့် ဒဏ်ရာကြောင့် ဖေဖော်ဝါရီအထိအနားယူရမည်ဖြစ်ကြောင်းသာ ပြောခဲ့ပြီး သတ်မှတ်ရက်အတိအကျကိုမူ ထုတ်ပြောခဲ့ခြင်းမရှိပေ။
ကွန်မြူနတီဒိုင်းပြိုင်ပွဲမတိုင်မီတစ်ရက်အလို လေ့ကျင့်ရေးကွင်းတွင် ခြေကျိုးခဲ့ပြီး ခရစ္စမတ်ကာလတွင် ပြန်ကစားနိုင်ရန်မျှော်လင့်နေသည့် ဝီလ်ရှီးယားအတွက် စိတ်ပျက်စရာဖြစ်သော်လည်း မည်သည့်ကာလ အထိအနားယူရမည်ကို ရှင်းလင်းစွာ သိရခြင်းလည်းဖြစ်သည်။

ဝီလ်ရှီးယားအနေဖြင့် ယခုနှစ်ပရီးမီးယားလိဂ်ရာသီကို လွဲမည့်အပြင် နွေရာသီ၌ ပြင်သစ်ယူရို ၂၀၁၆ ပြိုင်ပွဲဝင်မည့် ရွိုင်းဟော့ဒ်ဆန်၏ အင်္ဂလန်အသင်းနှင့်လည်း ပြင်ဆင်လေ့ကျင့်ချိန်မရတော့သည့် သဘောဖြစ်သည်။

အစီအစဉ်နှောင့်နှေးရန်ထက် အစားထိုးကစားသမား ရှာဖွေခြင်းကိုသာပြုလုပ်မည်ဟု ပြောဆိုထားသော အင်္ဂလန်နည်းပြရွိုင်းဟော့ဒ်ဆန် အတွက်လည်း ဝီလ်ရှီးယား၏ ဒဏ်ရာသတင်းမှာ သတင်းဆိုး တစ်ခုဖြစ်စေခဲ့သည်။

"ဝီလ်ရှီးယားဟာ ဖေဖော်ဝါရီမတိုင်မီပြန်လာဖို့ မရှိပါဘူး။ သေချာပါတယ်။ ဖေဖော်ဝါရီလို့ ပြောရပေမယ့်လည်း ကျွန်တော်သေချာတော့ မသိ ပါဘူး။ သူပြန်ကြံ့ခိုင်လာစေရဦးမှာပါ။ တိုးတက်မှုနှေးနေ တယ်"ဟု အာစင်ဝင်းဂါးက ပြောသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly