နေပြည်တော် မြို့မဈေး အပေါ်ထပ်ရှိ စည်ပင်ရုံး ပေါက်ကွဲမှုဖြစ်

နေပြည်တော် မြို့မဈေး အပေါ်ထပ်ရှိ စည်ပင်ရုံး ပေါက်ကွဲမှုဖြစ်
ဓာတ်ပုံ- ပုံဟောင်း

နိုဝင်ဘာ ၁၀

နေပြည်တော် မြို့မဈေး အပေါ်ထပ်ရှိ စည်ပင်ရုံး၌ နိုဝင်ဘာလ ၁၀ ရက် နေ့လယ် ၁ နာရီ မိနစ် ၂၀ တွင် ပေါက်ကွဲမှု တစ်ခု ဖြစ်ခဲ့သည်။

"ဥတ္တရ မီတာရုံးရယ်၊ ခု စည်ပင်ရုံးရယ် ပေါက်ကွဲမှုက ကျွန်တော်တို့ စီစဉ် ဆောင်ရွက်ချက်ပါ။ နေပြည်တော် အတွင်း ဖောက်ခွဲမှုတွေကို ကျွန်တော်တို့ပဲ စီစဉ်ဆောင်ရွက်ပါတယ်။ နောက်ထပ်လည်း လာပါလိမ့်မယ် ခင်ဗျ "ဟု Nay Pyi Taw PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဖြစ်စဉ်အသေးစိတ်ကိုမူ ၎င်းက ပြောကြားခြင်း မရှိပေ။

"အုန်းခနဲ အသံအကျယ်ကြီးပဲ။ စည်ပင်ရုံးမှာ ပေါက်တာ။ လူတော့ မထိဘူးပြောတယ်။ မှန်ကွဲစတွေတော့ အများကြီးပဲ"ဟု မြို့မဈေး ဝန်းကျင်တွင် နေထိုင်သူ တစ်ဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် လူထိခိုက်မှု မရှိဟု ဒေသခံများထံမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly