လက်ရှိထိုင်ဝမ်သမ္မတသက်တမ်းအတွင်း တရုတ်က တိုက်ခိုက်မည် မဟုတ်ကြောင်း ထိုင်ဝမ် တာဝန်ရှိသူ ပြောကြား

လက်ရှိထိုင်ဝမ်သမ္မတသက်တမ်းအတွင်း တရုတ်က တိုက်ခိုက်မည် မဟုတ်ကြောင်း ထိုင်ဝမ် တာဝန်ရှိသူ ပြောကြား

ထိုင်ဝမ်အမျိုးသားလုံခြုံရေးဗျူရိုအကြီးအကဲ ချန်မင်းတုန်က သမ္မတ စိုင်အင်းဝမ်လက်ထက်တွင် ထိုင်ဝမ်၏ ဝေးလံသောကျွန်းစုများကို တိုက်ခိုက်ရန် တရုတ်က ကြိုးပမ်းမည်မဟုတ်ကြောင်း နိုဝင်ဘာ ၄ရက်တွင် ပြောကြားခဲ့သည်။

ထိုင်ဝမ် ဥပဒေပြုလွှတ်တော်ကြားနာမှုအတွင်း ထိုင်ဝမ် ထောက်လှမ်းရေး အကြီးအကဲက ယခုကဲ့သို့ မှတ်ချက်ပြု ပြောကြားခဲ့ကြောင်း NHK World က ဖော်ပြခဲ့သည်။

ထိုင်ဝမ်လက်ရှိ သမ္မတ စိုင်အင်းဝမ်သက်တမ်းအတွင်း အခြားနေရာများတွင် တရုတ်-တိုင်ပေ လက်နက်ကိုင်တိုက်ပွဲဖြစ်နိုင်ချေကို ချန်က လက်ခံခြင်းမရှိခဲ့ပေ။

ထိုင်ဝမ်ကို တရုတ်စစ်တပ်က တိုက်ခိုက်နိုင်ခြေနှင့် ပတ်သက်ပြီး တရုတ်က ဝေးလံခေါင်သီသည် ကျွန်းစုများကို သိမ်းပိုက်မှုအပါအဝင် ပင်လယ်ပြင်ကို ပိတ်ဆို့ပြီး ထိုင်ဝမ်၏ ကာကွယ်ရေးစွမ်းရည်ကို လွှမ်းမိုးသည့် ဘက်စုံတိုက်ခိုက်မှုများစသည့် ဖြစ်နိုင်ခြေရှိသည့် အခြေအနေများကို ချန်က ပြောကြားခဲ့ကြောင်း NHK World က ဖော်ပြပါတယ်။

တရုတ်စစ်တပ်သည် ပါရာတာစ်ကျွန်းစုများကို တိုက်ခိုက်ရန် ပြင်ဆင်နေနိုင်သည်ဟု မီဒီယာများ၏ ဖော်ပြချက်များနှင့်ပတ်သက်၍ ချန်အား အလေးထားမေးမြန်းခဲ့ကြသည်။

ထိုင်ဝမ်သည် တောင်တရုတ်ပင်လယ်အတွင်း တည်ရှိသည့် ကျွန်းစုများကို ထိရောက်စွာ ထိန်းချုပ်ထားသည်။ ထိုင်ဝမ်က ကိုယ်ပိုင်အုပ်ချုပ်နေသည်မှာ ဆယ်စုနှစ် ခုနစ်ခုကျော်ကြာနေပြီဖြစ်သော်လည်း ထိုင်ဝမ်အပေါ် အချုပ်အခြာအာဏာ အပြည့်အဝ ပိုင်ဆိုင်ကြောင်း တရုတ်အစိုးရက အခိုင်အမာပြောကြားထားသည်။

ထောက်လှမ်းရေး လှုပ်ရှားမှုများကို အခြေခံပြီး ၂၀၂၄ ခုနှစ် မေလအထိ သက်တမ်းရှိသည့် လက်ရှိသမ္မတ စိုင်း၏ သမ္မတသက်တမ်းအတွင်း ယင်းတိုက်ခိုက်မှုကို တရုတ်က မစီစဉ်ထားကြောင်း ယင်း၏ ထောက်လှမ်းရေး ဌာနက ကောက်ချက်ချခဲ့ကြောင်း ချန်က အကြံပြုထားသည်။ ယင်းကိစ္စကို တရုတ်နိုင်ငံအတွင်း လေ့လာထားပြီးဖြစ်ကြောင်း ချန်က ပြောကြားခဲ့သည်ဟု NHK World က ဖော်ပြခဲ့သည်။

သို့သော် ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် တင်းမာမှုမှာ ယခင်နှင့် နှိုင်းယှဉ်ပါက မြင့်တက်လာကြောင်း ချန်က ဝန်ခံခဲ့သည်။ မမျှော်လင့်ထားသည့် အဖြစ်အပျက်များကို တားဆီးရန် လိုအပ်ကြောင်း သူက အလေးထား ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly